Love and peace(Ep-14)

1.3K 98 11
                                    

Unicode

ရင်ခုန်သံတေဝုန်းဒိုင်းကြဲခဲ့တဲ့နေ့စိတ်ပူတာရဲ့နောက်ကွယ်ကအချစ်လို့ဖြစ်တည်လာတဲ့ ခံစားချက်တေ ခံစားပြီးထဲ ချာတိတ်နဲ့တွေ့တိုင်း လူကရှိန်းတိန်းဖိန်းတိန်း ကိုယ်ကသာ မူမမှန်နေတာပါ ချာတိတ်ကတော့ပုံမှန်အတိုင်းဘဲ အင်းပေါ့လေ ချာတိတ်ကဘာမမူမမှန်စရာ အကြောင်းရှိလဲ

Companyမှာ laptopရှေ့ထိုင်ပြီး အတွေးတွေကလွင့်ပျံနေတုန်း

Vee:mew!!mewရေ အဲ မဟုဘူး Bossဗျ boss

အခန်းနားမရောက်ခင် တစ်လံလောက်အကွာဝေးထဲက veeရဲ့အသံကိုကြားနေရတာ ဘာ​တွေဖြစ်လာပြန်ပြီလဲ မသိပါဘူး ကိုယ့်အတွေးလေးနဲ့ကိုယ့်ဘာသာဆွေးနေတာကို ဒီကောင်လုပ်မှဖြင့်

Vee:mew မင်းသိပြီးပြီလား

Mew:ဘာကိုတုန်း

Vee:ဟမ် မင်းမသိတာလုံးဝမဖြစ်နိုင်ဘူး

Mew:အေးလေ ဘာကိုလဲလို့

Vee:မင်းငါ့ကိုစစ်ကြည့်ခိုင်းထားတဲ့fileလေ

Mew:အေး အဲ့တာဘာဖြစ်လဲ

Vee:အဲ့တာ ရသွားပြီကွ ငါတို့ရသွားပြီ

Mew:ဘာ!

ချက်ချင်းရှာကြည့်လိုက်တော့

ထိပ်တန်းcompanyနဲ့အပြိုင် လုခဲ့ရတဲ့မြေကွက်တစ်ခုကို အောင်မြင်ဆဲcompanyဖြစ်တဲ့ jongcheveevat
မှ ရရှိသွားပါကြောင်း!!!

Mew:veeတကယ်ကြီးလား ငါတို့တကယ်ရသွားတာလား

Vee:ဟုပါ့ဗျာငါတို့စီစဉ်ထားတာတွေဆက်လုပ်လို့ရတော့ မယ်ကွယေးးယေးး

Mew:ယေးး

Vee:Mew congratulationsကွာ

Mew:ငါတို့အတူတူကြိုးစားခဲ့တာဘဲ ငါသိနေတယ် ငါတို့ companyကဒီထပ်ပိုအောင်မြင်နေအုံးမယ်ဆိုတာ

Vee:mew

Mew:ဘာလဲ

Vee:ငါတို့ အောင်မြင်တဲ့အနေနဲ့ partyလေးလုပ်ရအောင်

Mew:party!

Vee:အင်း မင်းအိမ်မှာလုပ်ကြမယ်လေ

Mew:အင်း ကောင်းတယ် jamesကိုပါဖိတ်လိုက်မယ်

Vee:james?ဟိုကောင် jamesလား

Mew:အေးပေါ့ တခြားjamesရှိသေးလို့လား

Love and PeaceWhere stories live. Discover now