Love and peace (Ep-5)

1.3K 92 29
                                    

Unicode

ဟိုတစ်နေ့က ကျွန်တော့်ကားနဲ့တိုက်မိမလိုတိုက်တဲ့ ဟိုချာတိတ် အဆင်မှပြေရဲ့လား သူ‌ေပြာသလို အနိုင်ကျင့်ခံနေရတာများလား အဲ့ချာတိတ်နဲ့တွေ့လိုက်တိုင်း အဆင်ပြေတယ်လို့ကိုမရှိ တစ်ခုမဟုတ်တစ်ခုပြသာနာတွေ ချည်းဘဲ တကယ်လို့မင်းနဲ့ထပ်‌ေတွ့ခွင့်ရခဲ့ရင်တော့ ပြသာနာတွေမရှိဘဲအဆင်ပြေပြေလေးနဲ့ဘဲထပ်တွေ့ချင်ပါ တယ်ကွာ....

ကျွန်တော်p'graceကြောင့်နဲ့ အထိုးခံရပြီးထဲက p'graceနဲ့မတွေ့မိအောင်အမြဲရှောင်သည်ဒီရက်ပိုင်းထဲ အဲ့အစ်မအိမ်လာတာခဏခဏဘဲ ဘာလို့များခဏခဏ လာနေတာလဲ ကျွန်တော်သူနဲ့ပတ်သတ်ပြီးအနှိပ်စက်ခံရ တာကိုသဘောကျနေတာများလား ကျွန်တော့်ကို ဘာတွေ ကြည့်မရဖြစ်ပြီးတော့များ အခုလိုလုပ်နေရတာလဲ အခုလဲ အိမ်ရောက်နေပြန်ပြီ

Grace:gulfမင်းphiကိုရှောင်နေတာလား

Gulf:မဟုပါဘူးဗျ ကျွန်တော်ကျောင်းသွားလိုက်ပါအုံးမယ်

P'nineမတွေ့ခင် အမြန် အိမ်ထဲကထွက်လာပြီး ကျောင်းကိုထွက်ခဲ့လိုက်တယ် ဒီနေ့အမှန်အတန်းက နေ့လည်မှရှိတာ အိမ်မှာသာကျွန်တော်ရှိနေရင် P'graceက ကျွန်တော့်ကိုစကားလာပြောအုံးမှာထပ်ပြီး အထိုးမခံချင်ဘူး ဟိုနေ့ကအထိုးခံထားရလို့ရတဲ့ဒဏ်ရာတွေတောင်ပျောက်တာ မကြာသေးဘူး Tedမေးတာတောင်နှုတ်ခမ်းက ဒဏ်ရာကို ချော်လဲတာလို့ပြောထားရတာဒါတောင် အဲ့ကောင်ကမယုံ ချင်ဘူး

ကျောင်းရောက်‌လာမှတော့လဲ စာကြည့်တိုက်ထဲ၀င်ပြီး စာဖတ်နေကာအတန်းချိန်စခါနီးမှဘဲ အတန်းဘက် ထွက်လာလိုက်တော့တယ် ကျွန်တော်ကံကောင်းတာ တစ်ခုရှိတယ်အိမ်ကသုံးယောက်နဲ့ကျောင်းမတူတာဘဲ မဟုရင်ကျောင်းမှာပါ သူတို့ခိုင်းတာလိုက်လုပ်ပေးရမဲ့အပြင် အနိုင်ကျင့်တာပါခံရနိုင်တယ် အိမ်မှာတင်လုံလောက် နေပါပြီလေ..

တစ်နေ့လုံးအတန်းချိန်တက်ပြီး အိမ်ပြန်လာခဲ့တယ်

Aunt May:gulf ပြန်လာပြီလား ငါအလုပ်ကိစ္စတစ်ခုနဲ့ နယ်ဘက်သွားစရာရှိလို့ တစ်ပတ်လောက်ကြာမယ် နင့်အကိုတွေလိုအပ်တာလုပ်ပေးကြားလား ပြန်လာလို့ အချိုးမပြေဘူးလို့တိုင်သံကြားတာနဲ့နင်ငါ့အကြောင်း သိပါတယ်

Love and PeaceWhere stories live. Discover now