Love and peace (Ep-22)

1.1K 93 8
                                    

Unicode

ကလေးကို အိမ်မှာတစ်ယောက်ထဲထားရမှာလဲစိတ်မချ ကျောင်းကိုလဲမလွှတ်ချင် အလုပ်ကလဲမလုပ်လို့မဖြစ်တာနဲ့ အရေးကြီးတဲ့အလုပ်ကိစ္စတွေကို
Deanက‌နေတဆင့်mailပို့ခိုင်းပြီး အိမ်မှာလုပ်နေတာဘဲသုံးရက်ရှိနေပြီ

Gulf: ကျွန်တော့်ကြောင့်အလုပ်လဲမသွားရဘူး
ဒုက္ခများရပြီ ဦးရယ်

Mew:ရတယ် ကလေး ဘာမှမဖြစ်ဘူး စိတ်ပူမနေနဲ့ ကိုယ့်ကို ကလေးရော အဆင်ပြေရဲ့လား

Gulf:ကျွန်တော်အဆင်ပြေပါတယ် ဦးရဲ့

ဒူ~ဒူ~ph ring

Mew:ခဏနော် ကလေး

Gulf:ရတယ် ဦး ပြောပါ ကျွန်တော်အပေါ်ခဏ
သွားအုံးမယ်

Mew:အင်း ကိုယ်ပြီးရင်လာခဲ့မယ်

Gulfအပေါ်တက်သွားတော့မှveeဆီက၀င်လာတဲ့
ဖုန်းကိုင်ရသည်

Mew: hello

Vee:mew အဆင်ပြေရဲ့လား ချာတိတ်က အခုထိနေမကောင်းသေးဘူးလား မင်းအလုပ်မလာသေးလို့လေ

Mew:အေးကွာငါdeanပို့ပေးတဲ့mailတွေ
ပြန်စစ်နေတာ အဲ့မှာကော ငါမရှိလဲ အဆင်ပြေတယ်
မလား

Vee:ပြေပါတယ်ကွာ ငါဘယ်သူလဲမသိဘူးလား

Mew:အေးပါ အရေးကြီးရင်ပြော ငါလာခဲ့မယ်

Vee:ရတယ် ရတယ် အထွေအထူးကိစ္စမရှိဘူး အခုဆက်လိုက်တာကလဲ မင်းရှာခိုင်းထားတာ
တွေလေ Zurich Hotelနဲ့ပတ်သတ်တဲ့ အချက်လက်တွေရပြီ အာ့ ငါအိမ်လာပို့ပေးရမလား

Mew:ရတယ် မလာနဲ့ မင်းcompanyရှေ့က
cafeကို ခဏထွက်လာခဲ့လိုက် ငါလာယူမယ်

Vee:ရရဲ့လား

Mew:ရတယ် ခဏစောင့်နေ

Vee:အေးပါ

ဖုန်းပြောပြီးတော့ အပေါ်ထပ်ကအခန်းဆီ
တက်လာလိုက်တယ်

ဒေါက်ဒေါက်

Mew:ကလေး ကိုယ်၀င်ခဲ့မယ်နော်

Gulf:၀င်ခဲ့လေ ဦး

အခန်းထဲ၀င်လာတော့လျှော်ပြီးသားအ၀တ်တွေခေါက်နေ တဲ့ကလေး

Mew:ကလေး ကိုယ်အလုပ်ကိစ္စတစ်ခုပေါ်လာလို့ veeနဲ့ချိန်းထားတာ အပြင်ခဏသွားရမယ်

Love and PeaceWhere stories live. Discover now