ပြဿဒါးနေ့ပါလား...ကောင်းကျိုးမပေးဘူး ဂယ်ဘဲ့

50.8K 4.3K 40
                                    

Chapter - 12
|| Zawgyi ||

" အချစ်နဲ့ သွားရအောင်ကွာနော် သူငယ်ချင်းတွေနဲ့မိတ်ဆက် ပေးမယ်လေ.."

" ဒါ.... "

ဟောက်ရန် လင်းယဲ့ကိုကြည့်လိုက်တယ်။ မျက်နှာကတင်းနေပေမဲ့ တစ်ဖက်ကကြည့်ရင် မျက်နှာငယ်နေတဲ့ပုံလဲပေါက်တယ်။ ဒါမဲ့လင်းယဲ့က နောက်ထပ်သူအားနည်းတဲ့ တစ်ဖက်ခြမ်းကိုထိုလဒကောင်နဲ့ ဘဝင်ရူးကောင်ကို ပြမဲ့သူမဟုတ်တော့...

" သွားပါ...ကျွန်တော် ဟိုနားမှာထိုင်နေလိုက်မယ် နောက်ဆံမတင်းဘဲ ပျော်ပျော်သာသွား "

ပြောသာပြောလိုက်ပေမဲ့ ဘယ်သူကဝမ်းမနည်းဘဲနေမလဲ သူဟောက်ရန်ကိုမသွားနဲ့လို့ မပြောနိုင်ဘူး ဟောက်ရန်ကသူ့ကိုမချစ်ဘူးလေ။ ဆန့်ကျင်ဘက်အနေနဲ့ ဘဝင်ရူးယုဟိုင်ကိုကျ ချစ်တယ်လို့ဖွင့်ပြောထားတာမလား။ သူကတစ်ဘန်းရူံးနေပြီဘဲ...လင်းယဲ့ အရက်စပ်နေတဲ့ ကောင်တာအနားက ခုံမှာထိုင်လိုက်တယ်။ လုံးဝဟောက်ရန်ကိုမကြည့်မိအောင်လည်း ထိန်းထားရသေးတယ်။ ကြည့်မိရင်သေချာပေါက် ပြိုလဲသွားတော့မှာ..

ဟောက်ရန်ကလင်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ယုဟိုင်နဲ့လိုက်သွားတယ်။

လင်းယဲ့ သက်ပြင်းအသာချလိုက်တယ်။ ကောင်တာကကောင်လေးမှာ သိပ်မဟန်ဘူးဆိုတာသိတာမို့

" ဒီမှာဗျ....ဘယ်လိုစပ်ပေးရမလဲ "

" အား...ဖျော်ရည်တွေဘာတွေမရှိဘူးလား "

ကောင်လေးကြောင်သွားတယ်။ ဒီနေရာမှာဝိုင်တွေနဲ့အရက်တွေ ရှန်ပိန်တွေသာရှိတယ်။ ဘယ်လိုလုပ်ဖျော်ရည်လာမှာတာလဲ...ဒါမဲ့သူ့ရဲ့ညီမလေးပေးလိုက်တဲ့ နို့ဘူးလေးတော့ပါလာတယ်။ သူကလင်းယဲ့ကိုပြပြီး

" ဒါတော့ရှိတယ်ဗျ "

"အိုး..ရတယ်ဒါဘဲ့ပေးပါ ကျေးဇူးပါ "

နို့ဘူးကိုဖွင့်ပြီး ပုလင်းထဲထည့်နေတုန်း သူ့ကိုလူတစ်ယောက်က နေရာလဲဖို့လာပြောတယ်။ ကောင်လေးက လင်းယဲ့ အတွက်နို့ကိုထည့်ပေးဖို့ပြောပြီး ထွက်သွားတယ်။ ကျန်ခဲ့တဲ့ကောင်လေးက သူ့လက်ကြားမှာညုပ်ထားတဲ့ အမှုန့်ထုပ်လေးကို နို့ခွက်ထဲမသိမသာထည့်လိုက်တယ်။ ဒါကိုပြုံးကြည့်နေတဲ့ ယုဟိုင်...

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now