အခုမှဖွင့်ပြောရလား...အဟင် ဒါမဲ့ငါကျေနပ်တယ်။

36.2K 3.2K 32
                                    

Chapter - 45
|| Zawgyi ||

WTF!! သူတကယ်ကြီး ရေချိုးပေးဖို့ပြင်နေတာ။

လင်းယဲ့ ကြွေရေချိုးကန်လေးထဲ ဒူးခေါင်းနှစ်ဖက်ကိုပိုက်ပြီး ကွေးကွေးလေးထိုင်နေတယ်။ သူကဟောက်ရန်ကို မျက်တောင်တစ်ချက်မခပ်ပဲ လိုက်ကြည့်နေခဲ့တယ်။ ဟောက်ရန်က ရေချိုးဆပ်ပြာခရင်တွေနဲ့ ကိုယ်တိုက်ရေမြှပ်ကို အနားယူလာခဲ့တယ်။

" ဘာ...ဘာလဲ ကိုယ့်ဘာသာချိုးနိုင်တယ်လို့ "

" ရှူး....စကားမပြောနဲ့ကွာ ငြိမ်ငြိမ်လေးနေလိမ္မာတယ် "

လင်းယဲ့ "........"

ဒီအခြေအနေကဘာကြီးလဲ? ဟောက်ရန်ကကြွေကန်နဘေးဒူးထောက် ထိုင်လိုက်ပြီးတော့ ရေတွေကိုလင်းယဲ့ကျောပြင်ပေါ် ချပေးလိုက်တယ်။ လင်းယဲ့တကိုယ်လုံး ကြက်သီးသေးသေးလေးတွေ ထလာတယ်။

" ဟားဟား...ဘာလို့ကြောက်နေတာလဲ "

" ဘယ်သူကြောက်နေတာလဲ ဟွန်း ကြည့်ရတာဟိုကောင်လေးကိုလည်း ရေချိုးပေးဖူးတယ်မလား "

" ဘယ်ကောင်လေးလဲ.... ဪ ယုဟိုင်လား "

လင်းယဲ့ ဘက်ကတုန့်ပြန်သံ မကြားရတော့တာမို့ ဟောက်ရန်ထပ်ပြီးရယ်လိုက်မိတယ်။ လင်းယဲ့ကျောပြင်ဖွေးဖွေးလေးကို အသာလေးပွတ်ပေးနေရင်း ပြောသည်။

" ယုဟိုင် နဲ့ဒီလိုနီးနီးကပ်ကပ်မနေဖူးပါဘူးကွာ။ ကိုယ်တို့ကအနမ်းလေးပဲ့ ... "

" ဟွန်း သိသားဘဲ့ ကျွန်တော့ထပ်အဲ့ဒီကောင်လေးကို အရင်နမ်းဖူးတာ "

ဟောက်ရန်တောင် ဆုံးအောင်မပြောရသေး ဖြတ်ပြောတဲ့ဘောက်ဆက်ဆက် အသံလေးကြောင့် အနောက်ကဟောက်ရန်ထပ်ပြီး ရယ်လိုက်ရတယ်။

" ဘာရယ်နေတာလဲ မဟုတ်လို့လား "

လင်းယဲ့မေးပြီးမှ ရှက်သလိုလိုဖြစ်လာရသည်။ သူကအခုဟောက်ရန် ဘယ်လိုပုံဖြစ်နေလဲ မမြင်ရဘူး။ ဘာလို့ဆိုဟောက်ရန်ကသူ့ရဲ့ မျက်စောင်းထိုးဘက်မှာ ရှိနေတယ်။ ရိပ်ရိပ်လေးမြင်ရပေမဲ့ မကြည့်ရဲဘူး။ ဟောက်ရန်လင်းယဲ့ လည်ပင်းတွေနဲ့ ဘေးတစောင်းမြင်ရတဲ့ ပါးမို့မို့လေးတွေက နီရဲနေပြီးနားရွက်အနားထိပင်။ ထိုပုံလေးကချစ်ဖို့ကောင်းနေတာမို့ ထပ်ပြီးမစဘဲမနေနိုင်ဘူး။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now