ရက်စက်ချက်ကမ်းကုန်တယ်...ဒီလောက်ပြတ်သားရလား?

45.4K 3.7K 75
                                    

Chapter - 32
|| Zawgyi ||

လင်းယဲ့ ဆိုင်အပြင်ကိုထွက်လာပြီး ကားအနောက်ဖုံးကို ဖွင့်လိုက်တယ်။ အထဲမှာထည့်ထားတဲ့ luggage တစ်လုံးကိုယူထုတ်မလို့လုပ်နေတုန်း အရင်ကလာဖူးတဲ့ ဖုန်းနံပတ်ကပြန်လာသည်။လင်းယဲ့ ကားနောက်ဖုံးကို ပြန်ပိတ်လိုက်ရပြီး ဖုန်းကိုင်လိုက်သည်။

" ဟလို... "

" အကိုလင်းယဲ့ ကျွန်တော်လျှိဟော့လေ"

လင်းယဲ့ လျှိဟော့ဆိုတာကြောင့် ပြုံးလိုက်သည်။

" မင်း လျှိဟော့ ဘယ်ရောက်နေတာလဲ "

" ဟီး ကျွန်တော် ရှန်ဟိုင်းမှာအလုပ်ရသွားတာလေ ဒါနဲ့ အကိုဟိုတခေါက်က ကျွန်တော်ဖုန်းဆက်တုန်းကလေ ဖုန်းကိုင်တာအကို့ယောက်ျားလားဗျ "

လင်းယဲ့ ခေါင်းကုတ်လိုက်ရင်း

" အင်း ဟုတ်တယ် မင်းဟိုမှာအဆင်ပြေရဲ့လား ကောင်စုတ်လေးငါ့ကိုအခုမှ ဆက်သွယ်ဖို့သတိရလား "

" မပြောပါနဲ့တော့ဗျ ကျွန်တော်ကုမ္ပဏီအလုပ်မှာ ဆောက်လုပ်ရေးပိုင်းမှာ တာဝန်ကျနေတာ ဟိုမြို့မှာသွားကြည့်ရ ဒီမြို့ကိုပြေးရနဲ့ အချိန်တောင်မရှိဘူး အကို့ဖုန်းနံပတ်ကို အမဖေးအာမှာ တောင်းထားတာလေ..."

" ဟုတ်ပါပြီ အားတဲ့တစ်ချိန်တော့ ငါတို့သူငယ်ချင်းတွေ ပြန်တွေ့တာပေါ့ ဒါနဲ့မင်းအိမ်မှာ တိရစ္ဆာန်တွေမွေးထားသေးလား "

" အင်း...ကျွန်တော့်အိမ်မှာ ကြောင်မဲလေးနဲ့ ခွေးပေါက်လေး မွေးထားတယ် "

တခြားအလာပသလာပ ပြောပြီးတာနဲ့ ဖုန်းချလိုက်တယ်။ လျှိဟော့ကလင်းယဲ့ထပ် နှစ်နှစ်ကျော်လောက်ငယ်တယ်။ အိမ်နီးနားချင်းညီလေးတစ်ယောက်ပဲ သူ(လင်းယဲ့)ဟောက်ရန်နဲ့လက်ထပ်ပြီး သူကလည်းကျောင်းပြီးအလုပ်ရသွားတာမို့ တခြားမြို့ကို ပြောင်းအလုပ်သွားလုပ်ရသည်။ တွက်လိုက်ရင်သုံးနှစ်လောက် အဆက်အသွယ်ပြတ်သွားတာပေါ့ ။

အဟမ်း ငါအခုဘယ်သွားရမှာလဲ?

လင်းယဲ့ တွေးနေရင်းနဲ့ ကားအနောက်ဖုံးကို ပြန်ဖွင့်မလို့ပြင်လိုက်တယ်။ ဒါမဲ့လှမ်းထားတဲ့ လက်ပေါ်ကိုသူ့ထပ်ကြီးမား ကျယ်ပြန့်တဲ့ လက်ဖဝါးတစ်ဖက်က အုပ်မိုးကိုင်လိုက်တယ်။ လင်းယဲ့ လန့်သွားပြီးလှည့်လိုက်တော့ အလွန်နီးကပ်နေပြီး အပေါ်စည်းကနေငုံကြည့်နေတဲ့ ဟောက်ရန်ကိုတွေ့လိုက်ရတယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now