မေ့ပျောက်ခဲ့တဲ့ မှတ်ဥာဏ်များစွာ

27.6K 2.4K 16
                                    

Chapter - 68
|| Zawgyi ||

" ကျွင်းလောင်ရှီး...တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကတန်ဟေးပါ "

တန်ဟေး ဆိုတဲ့လူကဟောက်ရန်ကို လာနှုတ်ဆက်တာမို့ ဟောက်ရန်လည်းလက်ထဲက ဝိုင်ခွက်ကိုမြှောက်ပြရင်း ပြန်နှုတ်ဆက်လိုက်သည်။

" ဟလိုး မစ္စတာတန် ခင်ဗျားအကြောင်းကြားဖူးပါတယ်။ တကယ်ထူးချွန်တဲ့ စီးပွားရေးသမားတစ်ယောက်ပါဗျ "

" ဟားဟား...မြှောက်လွန်းပါပြီ ကျွန်တော်ကဒီလောက်မထူးချွန်ပါဘူး "

သူ့ကိုယ်သူနှိမ့်ချပြောနေပေမဲ့ သူ့မျက်လုံးတွေက လင်းလက်ပြီးမြှောက်ပြောခံရတာ ကြိုက်တယ်ဆိုတာသေချာတယ်။ သူကနဘေးကကောင်လေးကို အကြည့်ရောက်သွားတယ်။

လင်းယဲ့မှာစီးပွားရေးအကြောင်း နားမလည်တာမို့ သူ့ဘာသာအချိုရည်သောက်ရင်း ဟောက်ရန်ပြောတာကိုနားထောင်နေတယ်။ ထိုလူကသူ့ကိုကြည့်လာတော့ အနည်းငယ်နေမတတ်ဖြစ်လာရသည်။

တန်ဟေး ဆိုတဲ့လူကအသက်30ကျော်40 နီပါးသက်လက်ပိုင်းလောက်ရှိမယ်ထင်ရသည်။ သို့ပေမဲ့ထိုအရွယ်ထိ ရုပ်ရည်ကိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သူပီပီ ခန့်ညားပြီးဆွဲဆောင်မှူလည်းရှိသည်။

" ကျွင်းလောင်ရှီး...သူကရေပန်းစားနေတဲ့ ကျွင်းယဲ့ယဲ့ ဆိုတာလေးများလား."

ဟုတ်တယ်။ ကျွင်းယဲ့ယဲ့ဆိုတာကြီးကို လင်းယဲ့မကြားချင်ဘူး။ မိန်းကလေးဆန်နေသလိုမျိုးပဲ့။ ဟောက်ရန်နဲ့သူကိုယ်ဝန်ရှိနေတယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေ ကြားထဲကျော်ကြားသွားကတည်းက သူ့နာမည်တလုံးတိုးလာခြင်းဖြစ်တယ်။ အခုတန်ဟေးကဒီနာမည်နဲ့ခေါ်လိုက်သည်။

ဟောက်ရန်ထိုလူရဲ့ အကြည့်တွေကြောင့် မကြည်တော့ဘူး။ လင်းယဲ့လက်ကိုဆွဲလိုက်ပြီး သူ့အပိုင်ဟူသောသဘောဖြစ် ပြန်ဖြေသည်။

" ဟုတ်တယ်။ ကျွန်တော့ခင်ပွန်းသည်လေးလေ "

ဟောက်ရန်ဒီလိုပြောရင် သိပ်ကြိုက်တာပဲ့။ အိမ်မှာသာဇနီး ဇနီးလို့ပြောတာ လူစိမ်းတွေရှေ့မှာဆိုရင် သူ့ကိုယောက်ျား ဒါမှမဟုတ်ခင်ပွန်းလို့သာမိတ်ဆက်တတ်တယ်။ ဒါကသူ့ကိုတန်ဖိုးထားတာပဲ့။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now