ပူနွေးနေတဲ့အရည်စက် အဟွတ် မျက်ရည်ပါ...ဟောက်ရန်နဲ့အတူ ဆေးရုံသွားခြင်း

45.9K 3.7K 31
                                    

Chapter - 34
|| Zawgyi ||

ပြန်ထွက်မလို့လုပ်တုန်း ဟောက်ရန်ရဲ့အနမ်းတွေ ကျရောက်လာခဲ့တယ်။ ဟောက်ရန်ရဲ့ရေစိုနေပုံရတဲ့ အေးစိမ့်စိမ့်လက်တဖက်က လင်းယဲ့ ရဲ့ကျောပြင်ကိုဖိပြီး ပိုပြီးနီးကပ်စေသည်။ ဟောက်ရန်ရဲ့နောက်လက်တစ်ဖက်က လင်းယဲ့ဦးခေါင်းကိုအနောက် မလန်သွားစေဖိ ထိန်းကိုင်ပေးထားသည်။

" အွန်း ... ဟောက်ရန် ဘာဖြစ်...အင့် "

လင်းယဲ့ ဟောက်ရန်ကိုတွန်းပြစ်မလို့ လက်ပြင်လိုက်ပေမဲ့ ပါးပြင်ကို အနည်းငယ်ပူနွေးနေတဲ့ အရည်စက်လေးကျဆင်းလာတာကို ခံစားမိလိုက်တယ်။ ဒီခံစားချက်လေးကြောင့် တွန်းထုတ်မဲ့အစီအစဉ် အစအနမကျန်ပျက်စီးသွားရသည်။

ဟောက်ရန် သူငိုနေတာလား?

လင်းယဲ့တွေးနေတုန်း ဟောက်ရန်ကလွှတ်ပေးလိုက်တယ်။ ထို့နောက်ဟောက်ရန်က မလှုပ်မရပ်နဲ့ လင်းယဲ့ကိုကြည့်နေပြီး ဆို့နင့်နေတဲ့အသံနဲ့ ပြောလာခဲ့တယ်။

" တောင်းပန်ပါတယ် "

ထို့နောက် သူရေချိုးခန်းအပြင်ကို ထွက်သွားသည်။

အခန်းထဲမှာကျန်ခဲ့တာ လင်းယဲ့ပင်ဖြစ်တယ်။ သူကအရမ်းကို ကြောင်အနေတာဖြစ်တယ်။ တွင်းနက်ကြီးထဲကို ကျသွားတဲ့ ခံစားချက်၊ ဒီလိုခံစားချက်မျိုး အသက်၂၆ နှစ်လုံးလုံး မခံစားခဲ့ဖူးဘူး။ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေရသည်။ သေချာတာကတော့ တကယ်ကြီးသူ့ရဲ့ မာနကြီးတဲ့ ယောက်ျားဆီကနေ တောင်းပန်သံကိုကြားခဲ့ရတာပဲ့။

လင်းယဲ့ မင်းစိတ်ထိန်းစမ်း။ ဟောက်ရန်ဘာလို့ပြောင်းလဲသွားတာလဲ။ သူတကယ်ကြီးပြောင်းလဲ လိုက်ပြီလား။ ငါဒီတစ်ခေါက် ယုံကြည်လို့ဖြစ်လား။

လင်းယဲ့ရီဝေနေတဲ့ မျက်လုံးတွေနဲ့ အောက်စိုက်ထားတဲ့ခေါင်းကို ပြန်မော့လိုက်တယ်။ အရှေ့ကမှန်ထဲမှာ ပေါ်နေတဲ့ကိုယ်ပုံကိုယ်ပြန်ကြည့်ရင်း မပြီးနိုင်တဲ့မေးခွန်းတွေကို ပြန်ဖြေမဲ့သူမရှိပဲတွေးနေမိတယ်။

သေချာတာကတော့ ဒီည ဇာတ်လမ်း​လေးမှာ အဓိကပါဝင်နေတဲ့ လူသားလေးနှစ်ယောက်ကတော့ အိပ်ပျော်နိုင်မှာမဟုတ်တာ မခန့်မှန်းဘဲနဲ့တောင် သိနိုင်ပါတယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Onde as histórias ganham vida. Descobre agora