Final Extra ပြည့်စုံတဲ့ညနေခင်းလေး

28.9K 1.8K 23
                                    

The last Extra - 5
|| Zawgyi ||

" မြေးလေးတို့ပြန်လာတာ နောက်ကျလှချီလားကွယ်။ ဟုန်အာလေးတောင် နှိုးလာပြီးပြန်အိပ်ပျော်သွားပြီ "

လေးယောက်သားပေကျံနေတာကို အမြန်ဆုံးဆေးကျောလိုက်တယ်။ သူတို့ရလာတဲ့ဂဏန်းတွေထဲက အသေးတွေကိုပြန်လွှတ်ပေးလိုက်ပြီး အကြီးအကောင်၂၀လောက်ကျန်သေးတယ်။

" ဖေးအာ မိန်းကလေးက ဂဏန်းတွေလုပ် ငါအဖွားမှာဇီးဝိုင်တစ်ချို့ သွားတောင်းအုံးမယ်။ "

ဖေးအာကအင်တင်တင်နဲ့ ဂဏန်းချက်ဖို့လက်ခံလိုက်သည်။ နှစ်နာရီလောက်ကြာတော့ အနံမွှေးမွှေးလေးနဲ့ အိုးကြီးတစ်လုံးသယ်ချလာတယ်။ သူတို့ခြံအတွင်းမှာ အခင်းလေးခင်းပြီး ထိုင်လိုက်ကြသည်။ အိမ်ထဲကနေလင်းယဲ့က သားလေးကိုချီပြီး ထွက်လာခဲ့တယ်။ ဂဏန်းတစ်ဝက်လောက်ကို အစပ်ချက်ထားပြီးကျန်တာကိုတော့ အချိုလေးပေါင်းထားတယ်။ လင်းယဲ့ကအချိုပေါင်းကိုချက်ထားတာဖြစ်တယ်။ သားလေးနဲ့အဖွားကို ဂဏန်းအချိုချက်လေးပေးပြီး သူတို့ကတော့ အဖွားရဲ့ဇီးသီးစိမ်းဝိုင်နဲ့ စားသောက်ကြတော့သည်။

ကလေးကဂဏန်းတွေကိုအရမ်းကြိုက်တယ်။ ဒါကလင်းယဲ့လေးနဲ့ တူလို့ပဲ့။ ဂဏန်းတွေစားထားတာပေပွနေရောပဲ့။

.......

" အဖွား၊ ရှောင်ဖေးဖေး ငါတို့ပြန်တော့မယ် "

ဖေးအာနဲ့အဖွားက အပြင်အထိလိုက်နှုတ်ဆက်ကြသည်။ နောက်မှအချိန်အကြာကြီး လာလည်အုံးမည်လို့ပြောခဲ့ပြီး မိသားစုသုံးယောက်အတူတူ အိမ်ကိုပြန်လာကြတယ်။ သူတို့ပြန်လာတော့ နေဝင်ချိန်လေးတောင်ရောက်နေပြီ တံတားလေးတစ်ခုအနားရောက်တော့ လင်းယဲ့လေးကကားကိုရပ်ခိုင်းသည်။

" အကို ဟိုမှာရေခဲမှန့်လှည်းလေးတွေ့တယ်။ နည်းနည်းလေးစားချင်တယ် "

" အိုကေ ကိုယ်သွားဝယ်ပေးမယ်။ "

ဟောက်ရန်ကရေခဲမုန့်နှစ်ခွက်ဝယ်လာတယ်။ တစ်ခွက်ကစတော်ဘယ်ရီအရသာနဲ့ တစ်ခွက်ကချော့ကလပ်အရသာနဲ့ဖြစ်တယ်။

" ကျွန်တော့ကိုစတော်ဘယ်ရီနဲ့ပေး ဒီမှာခဏလောက်နားမလား "

ဟောက်ရန် ကားလမ်းအပြင်ကိုကြည့်လိုက်တယ်။ ဒီနေရာကလူသွားလူလာနည်းတယ်။ ဘာလို့ဆိုနည်းနည်းနယ်ဘက်ရောက်သလိုလို ဖြစ်နေလို့ပဲ့။ အခုကနေဝင်ချိန်လေးလည်းဖြစ်တော့ ခဏလောက်နားဖို့ဆုံးဖြတ်လိုက်သည်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now