ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)

1.3K 120 2
                                    



╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 14
𝕴𝖘 𝖎𝖙 𝖔𝖛𝖊𝖗?

╚═════ ࿇ ═════╝



မိစ္ဆာဘုရင်ကြီး၏နာမည်အပြည့်အစုံမှာ
Jeffrey Harris Garrison Lepic ( ဂျက်ဖရီ ဟာရစ်(စ်) ဂါလီဆန် လီပေ့စ်) ဖြစ်သည်။

ငွေရောင်၊ရွှေရောင်တို့ဖြင့် တဝင်းလက်လက် တောက်ပနေသော မီးဆိုင်းကြီးအောက်တွင် အတွန့်တွန့် လိပ်တက်နေသည့် ဆေးလိပ်ငွေ့များက အပေါ်ဘက်သို့ တလူလူ လွင့်တက်နေသည်။ အင်္ဂလန်ဗြိတိသျှနန်းတော်သဖွယ် အဆောင်အယောင်အပြင်အဆင်များဖြင့် ခမ်းနားကျယ်ပြောလှသည့် ဧည့်ခန်းဆောင်ကြီးပင်။

ထိုအခြင်းအရာက အဆင့်မြင့်၍အထက်တန်းကျသော လူနေထိုင်မှုပုံစံတစ်ခု ၏ ပြယုဂ်ဖြစ်ကြောင်း သက်သေထူနေ သည်။ မိစ္ဆာဘုရင်ကြီး ဂျက်ဖရီသည် ဆေးလိပ်ကို ဘယ်ဘက်လက်ခလယ်နှင့် လက်ညိုးကြား ဟန်ပါပါထည့်ကာ တဖြည်းဖြည်း ရိူက်သောက်လိုက်၊ အငွေ့မှုထုတ်လိုက် လုပ်နေ၏။

" မင်းရဲ့သားက ငါတို့ကို သစ္စာဖောက်သွားပြီ Owen (အိုဝမ်) "

ခနဲ့မှုနှင့်ရွဲ့စောင်းမှုများပါဝင်နေသော မိစ္ဆာဘုရင်ကြီးဂျက်ဖရီ ၏အသံက ငြိမ်ဆိမ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်ဟန်ရှိသည်။

" မဖြစ်နိုင်ဘူး။ သူတို့ဘယ်လိုမှ ပြန်မှတ်မိသွားစရာအကြောင်းမရှိဘူး အရှင်မင်းကြီး "

ခရစ်စတိုဖာ၏ဖခင်အိုဝမ်လည်း ဗွီဒီယိုကိုကြည့်ပြီးနောက် ထိတ်လန့်မှုတစ်ခုနှင့် အမြန်တုံ့ပြန်မိသည်။ ထိုအချိန် သူတို့၏ခပ်ဝေးဝေးမှာ ရပ်နေသောဂါဗင်က သွားအစုံပေါ်သည်အထိ ရယ်နေခဲ့သည်။

" ဟဟ ... အိုဝမ်၊ ဒီမှာကျုပ်သက်သေယူလာတာ။ ရစ်စတိုဖာဘက်က ပြန်သတိမရသေးပေမယ့် ဂျရယ်မိုင်ရာဘက်ကသာ ပြန်သတိရသွားပုံပဲ။ ကျုပ်သာ သူတို့နမ်းနေတာကိုသာ video မရိုက်ထားရင် ခင်ဗျားတော့ ကျုပ်ကို ပိုမယုံနေတော့မှာ "

ဂါဗင်က သူတို့နှင့် ၁၅ပေအကွာမှာ ကန်လန့်ကာကို အမှီပြုပြီး မတ်တပ်ရပ်နေလျက် မှန်ချပ်၏အပြင်ဘက်ကို ကြည့်နေပြီး နောက်သို့လှည့်ကြည့်ခြင်းမရှိဘဲပြော ၏။ ဆင်စွယ်ရောင်ပိုးသားကန့်လန့်ကာများကြားက မှန်ချပ်ကို လက်ထောက်ထားသည့် သူ့ပုံရိပ်မှာ ဖျော့တော့တော့လေး ထင်ပေါ်နေ ၏။ အိုရမ်လည်း ဗွီဒီယိုကိုကြည့်ပြီး ခေါင်းနပန်းကြီးနေမိသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now