Character Explanation About Mondy (Unicode & Zawgyi)
392 27 2
ဘာလို့ ရေသူထီးဇာတ်ကောင်မထည့်ခဲ့ဘဲ ရေသူမလုပ်ခဲ့သလဲလို့ မေးခံလာရတာရှိပါတယ်။
ရေသူထီးဇာတ်ကောင်သာ ထည့်လိုက်ရင် ပိုမိုက်မှာပဲလို့ လာပြောတဲ့လူတွေ တစ်ယောက်ထက်ပိုလာလို့ပါ။
ဟုတ်။ ဒီ Immortal Foes ထဲမှာ စာရေးသူဘက်က တန်ဖိုးထားရတဲ့ အပြင်လူတွေကို ကိုယ်စားပြုတဲ့ဇာတ်ကောင်လေးတွေကို ထည့်သွင်းရေးဖြစ်ခဲ့ပါတယ်။
Mondy (မွန်ဒီ) ဆိုတဲ့ ရေသူမလေးဇာတ်ကောင်က စာရေးသူရဲ့သူငယ်ချင်း တစ်နည်းအားဖြင့် BFF ကြီးအပြင် စာဖတ်သူတွေကို ကိုယ်စားပြုရေးသားထားတာဖြစ်ပါတယ်။ ဘော်ဒါကြီးကို Fic ထဲထည့် အဆင်တွေငမ်းခိုင်းပြီး လင်ပါတစ်ခါတည်း ပေးစားလိုက်တာပါ😗 ဒါက သူငယ်ချင်းနဲ့စာဖတ်သူတွေကို ချစ်လွန်းလို့ အမှတ်တရအနေနဲ့ ဖန်တီးဖြစ်ခဲ့တာကြောင့် အပြစ်တော့မမြင်စေချင်ဘူးရှင်။
မွန်ဒီက စာရေးသူ သူငယ်ချင်းသာမက စာဖတ်သူတွေကိုပါ ကိုယ်စားပြုတဲ့အတွက် သူမကို ချစ်တဲ့မိသားစုလေးတစ်ခုပါ ချစ်စဖွယ် ဖန်တီးပေးထားခဲ့တာပါ။ စာရေးသူ သူငယ်ချင်းက စာရေးသူရဲ့အမာခံ reader တစ်ယောက်ဖြစ်လို့ ဒီ ရေသူမအလှလေး မွန်ဒီ ဇာတ်ကောင်ဟာ Immortal Foes ရဲ့ စာဖတ်သူ reader အားလုံးကို ကိုယ်စားပြုပါတယ်လို့။
ဒါကြောင့် Normal အတွဲဖြစ်သွားပါတယ်။ အစက မွန်ဒီကို လက်စဘိန်းခိုင်းမလို့ပါပဲ။ စိတ်ပြောင်းပြီး ကီရမ်နဲ့ပဲ ပေးစားလိုက်တာပါ။ သူ့ကို သေခိုင်းမလို့တောင် ကြံစည်ခဲ့တယ်။
ဒါပေမဲ့ သူငယ်ချင်းနဲ့စာဖတ်သူတွေကို ကိုယ်စားပြုတဲ့ဇာတ်ကောင်လေးဖြစ်နေလို့ မသတ်ရက်ခဲ့ပါဘူး။ မရက်စက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြန်အသက်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်💖
၂၄..၂၀၂၃ (တနင်္လာနေ့)
ကျေးဇူးတင်ပါတယ်💖
၂၄.၄.၂၀၂၃ (တနင်္လာနေ့)
𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now