╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 28
The Smile╚═════ ࿇ ═════╝
[မှတ်ချက်။ ။ ယခုမှစတင်၍ မိစ္ဆာနှိမ်နင်းသူများအပြင် မကောင်းဆိုးဝါးနှိမ်နင်းသူများ၊ နတ်ဆိုးနှိမ်နင်းသူများ အစရှိသဖြင့် ဝေါဟာရအမျိုးမျိုးဖြင့် အဆင်ပြေဆီလျော်သလို ရေးသားသွားမည်။]
စံပယ်ရနံ့သင်းပျံ့၍ လေထုအနည်းငယ်အေးမြနေသော ခန်းမထဲတွင် ယောကျာ်းလေးအသွင်နှင့် ဒန်မော်ရာက တရုတ်ရိုးရာ ကြေးပလွေအား တီးမှုတ်ကာ ဂါဗင်ကို ဖျော်ဖြေနေခဲ့သည်။
ပလွေအသံ၏သံစဉ်သာယာပုံကား နားထောင်စဉ် ဆိတ်ငြိမ်ပျော်မွေ့ဖွယ် သုခဘုံတစ်ခုကို ရောက်နေသည့်အလား ၎င်းသံစဉ်က စိတ်ဘဝကို ကြည်နူးအေးချမ်းစေသည်။
သူ တီးမှုတ်နေသည့်သီချင်းက တရုတ်ပြည်တွင် ခေတ်အဆက်ဆက်နာမည်ကြီးခဲ့သော ရိုးရာသီချင်းတစ်ပုဒ်ပင်။
ဒန်မော်ရာသည် တရုတ်ပြည်မကြီးမှ ပေါက်ဖွားလာသော ကြောင်နက်မိစ္ဆာဖြစ်၏။
သူ၏ယခင်တရုတ်အမည်မှာမူ Bao Shuai (ပေါင်ရွှိုက်) ဖြစ်ပေသည်။ သို့သော် သူ၏ယခင်ဘဝကို ဇာတ်မြုပ်ချင်ခဲ့သည့်အတွက် ဒန်မော်ရာဟူ၍ အမည်သစ်နှင့်အတူ ဘဝအသစ်တစ်ခုကို သူ၏ဖခင်နှင့် စတင်ခဲ့သည်မှာ ၃ နှစ်မျှသာရှိသေးသည်။ ဤသို့ဖြင့် ဒန်မော်ရာက တရုတ်လူမျိုးစစ်စစ်ဖြစ်ပြီး တရုတ်ရိုးရာအကများနှင့် အတီးအမှုတ်များအား စိတ်ဝင်စားကာ ဝါသနာကြီးသူလည်းဖြစ်သည်။
ထို့အပြင် ရိုးရာပလွေသာမက၊ (Guzheng) ကုချင်းခေါ် ကြိုးတူရိယာ တရုတ်ဗျပ်စောင်းအား ကောင်းစွာ တီးခတ်နိုင်သည်။
ΔΙΑΒΑΖΕΙΣ
𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//