ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)

1K 104 24
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 17

𝕿𝖍𝖊 𝕬𝖑𝖑𝖚𝖗𝖎𝖓𝖌 𝕾𝖎𝖗𝖊𝖓𝖘

╚═════ ࿇ ═════╝



╔═════ ࿇ ═════╗

အခန်း (၁၇)

ညို့ဓာတ်ပါသော Siren များ

╚═════ ࿇ ═════╝

ဂါဗင်က ယနေ့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို သူ့တပည့်များမှတစ်ဆင့် ဂျက်ဖရီထံသို့ ပြန်လည်အစီရင်ခံကာတင်ပြစေခဲ့သည်။ ဂျက်ဖရီ့အတွက်တော့ ဖရီးမန်းအုပ်စုကို နောက်ထပ်ဒေါသတွေဆွပေးနိုင်ဖို့အရေး ဒရာမာအသစ်ရသွားခဲ့သောကြောင့် အပြုံးကြီးပြုံးနေခဲ့သည်။

ဒေါမနစ်တို့နှင့် သူတို့အဆက်အသွယ်ရခဲ့ပုံမှာ Freeman တို့ တည်ထောင်ထားကြသော Freeman စိန်ဆိုင်ကြီးရှိ မန်နေဂျာဆီကနေ Founder နှင့် CEO ဖြစ်သူ ဒေါမနစ်​၏ ဖုန်းနံပါတ်နှင့် Gmail လိပ်စာကို တစ်ခါတည်း ရရှိခဲ့သောကြောင့်ပင်။

ဂျက်ဖရီလည်း ဒေါမနစ်တို့ကို ကလိချင်စိတ်တဖွားဖွားပေါ်နေသောကြောင့် မနေနိုင်တော့ဘဲ ' Second Warning ' ဒုတိယအကြိမ်သတိပေးရန်  ဒေါမနစ်ဆီကို တိုက်ရိုက်ဖုန်းဆက်ခဲ့သည်။

ပထမအကြိမ်တုန်းက ဖရီးမန်းစိန်ဆိုင်ကမန်နေဂျာကနေတစ်ဆင့် ဒေါမနစ်တို့ဆီ ပထမအကြိမ်သတိပေးသည့်အနေဖြင့် စာလွှာပေးပို့ခဲ့ပြီးဖြစ်သည်။

ဂျက်ဖရီဘက်က ဖုန်းဆက်လာသောအခါ ဒေါမနစ်က ဖုန်းနံပါတ်စိမ်းဖြစ်နေခဲ့သောကြောင့် မည်သူ့ဆီကခေါ်ဆ်ိုမှုဖြစ်ခဲ့သလဲကို သိလိုစိတ်ဖြင့် ချက်ချင်းဖုန်းကိုင်ခဲ့သည်။

" ဟဲလို ကျွန်တော် ဒေါမနစ်ပြောနေပါတယ်"

" တွေ့ရတာဝမ်းသာပါတယ် ရန်သူတော်ကြီး အဟဲဟဲ "

ဒေါမနစ်လည်း စိတ်ကြည်လင်ပြီး စိတ်ကောင်းမွန်နေရာမှ ချက်ချင်းသူ၏စိတ်ရာသီဥတုမှာ ဆိုးသွားခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now