ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists

649 65 14
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 30
The Greatest Exorcists

╚═════ ࿇ ═════╝

ခရစ်စတိုဖာက မြေအောက်ခန်းမှ အပေါ်ထပ်ဆီသို့ စတီးလှေကားထစ်များမှတဆင့် လျင်မြန်သောအရှိန်ဖြင့် သုတ်ခြေတင်လျက် ပြေးတက်ခဲ့သည်။

" ဂျရယ်မိုင်ရာ ... မင်းအဲဒီတစ်ကောင်တောင် မဖမ်းနိုင်တော့ဘူးလား။ ဟိုကောင်က ပြေးသွားပြီလေ လိုက်လေ ... သောက်သုံးမကျတဲ့ကောင်ပဲ "

ဂျရယ်မိုင်ရာ​၏အဘိုးဖြစ်သူ Graham (ဂရေဟမ်) မှ ဂျရယ်မိုင်ရာကို စိတ်မရှည်အားမရသောလေသံဖြင့် အော်ပြောခဲ့သည်။

" ဟားဟား.... အဘိုးက အထာမနပ်ဘူးပဲ။ ခရစ်တော်မပေါ်ခင်ထဲက မိစ္ဆာဖမ်းနည်းစတိုင်တွေကို ခုထိသုံးအုံးမလ်ို့လား ... ၂၁ ရာစုမှာ မိစ္ဆာဖမ်းတဲ့စတိုင်အသစ်က ကွန်ဖီးဒန့်ရှိရှိ စတိုင်ရှိရှိနဲ့ မိစ္ဆာတွေကို ဖမ်းရတယ် ဟက်ဟက်... "

ဂျရယ်မိုင်ရာက ဟန်ပန်အပြည့်ဖြင့်ပြောပြီးလျှင် သူ​၏ရွှေရောင်ဆံနွယ်များကို ဘယ်လက်ဖြင့် ဖီးသပ်လိုက်သည်။

" ........ "

​ဂျရယ်မိုင်ရာ​၏ခွန်းတုံ့ပြန်မှုကြောင့် ဘိုးတော်များမှာ ခေတ္တငြိမ်သက်ပြီး အံသေသွားကြလျက်။

" မင်း အခုလိုလေကြောရှည်နေတာနဲ့ မင်းဘထွေးတွေက အိမ်ပြန်ရောက်နေကြလောက်ပြီ "

ဒေါမနစ်က မှုန်ကုပ်ကုပ်အကြည့်များဖြင့် သက်ပြင်းချခဲ့သည်။

" ဒီမှာ ဂျရယ်မိုင်ရာ ... မင်း ငါ့ကိုဝှေ့လည်ကြောင်ပတ်လုပ်ပြီး အရူးကွက်နင်းဖို့ မကြိုးစားနဲ့ ။ မင်း သူ့ကိုတမင်လွှတ်ပေးလိုက်တာမလား အဟက် ... ဘာပဲဖြစ်ဖြစ် ငါတို့ကတော့ အချိန်တန်ရင် သူအပါအဝင် သူတို့တစ်မျိုးလုံးကို ငရဲတွင်းထဲ ဆွဲခေါ်ပေးသွားမှာ ... "

ဒေါမနစ်​၏နီလာရောင်မျက်လုံးများက ဂျရယ်မိုင်ရာ​၏နီလာရောင်မျက်လုံးများကို စူးရှတောက်ပစွာ စိုက်ကြည့်နေခဲ့သည်။

ဂျရယ်မိုင်လည်း ဒေါမနစ်​၏ရိသဲ့သဲ့စကားလုံးများကြောင့် ငြိမ်သက်သွားခဲ့သည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now