ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)

3K 87 24
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 40

The Little Petals of Cherry Blossom

╚═════ ࿇ ═════╝



တိုက်ပွဲပြီးဆုံးပြီး ၂ ရက်အကြာ ....

ဖရီးမန်းတို့က ကိုတဆီကနေ မွန်ဒီ​၏အလောင်းကို စံအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာကြသည်။ သူမကို အသက်ပြန်သွင်းရန် ကြိုးစားကြမည်ဖြစ်သည်။ သူမ၏အခန်းထဲတွင် သူမအလောင်းအား နေရာချထားခဲ့ကြသည်။ ဂျရယ်မ်ိုင်ရာနှင့်ကီရမ်က မွန်ဒီ့ကုတင်ဘေးနားကနေ မခွာဘဲစောင့်နေကြပြီး ကီရမ်ကတော့ တစ်ချိန်လုံးငိုနေ၏။ ဂျရယ်မိုင်ရာအတွက်လည်း စိတ်မချမ်းသာဖွယ်ရာပင်။ လေကိုဝဝရှူသွင်းလိုက်ပြီးလျှင် ခပ်ပြင်းပြင်းပြန်ရှုထုတ်လိုက်ရင်း ....

" မင်းတစ်ရေးလောက်အိပ်သင့်ပြီ ကီရမ် "

ကီရမ်က သူ့မျက်ရည်များကို လက်ဖြင့်ဖယ်ရှားသုတ်သင်လိုက်သည်။ သူအလွန်စိတ်ပင်ပန်းနေခဲ့သည်။ ဤအချိန်တွင် ဘယ်သူ့ကိုမှ သူစကားမပြောချင်နေပေ။ ဂျရယ်မိုင်က ကီရမ့်ကျောပြင်ကို ပွတ်သပ်ပေးလိုက်ကာ စကားဆက်ပြောသည်။

" ဒီခံစားချက်က အရမ်းဆိုးတာပဲ "

ညီမဖြစ်သူ မွန်ဒီ့အလောင်းကို ပြန်ကြည့်နေမိသည်။ သူပြောလိုက်သောစကား​၏အဓိပ္ပာယ်မှာ သူ့အတွေ့အကြုံနှင့်ခံစားချက်များစွာပါနေခဲ့သည်။ ခရစ်စတိုဖာနှင့်ပတ်သက်သမျှခံစားချက်များလည်းအပါအဝင်ပင်။ ရင်နှင့်အမျှမြတ်နိုးခဲ့ရပါသော သူ့ခရစ်လေးကို တစ်ကြိမ်သူဆုံးရှုံးခဲ့ပြီးနောက်မှာ ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့လို့ သူပျော်မိသော်လည်း သူချစ်သောနောက်ထပ်မြတ်နိုးရာလေးကို ဆုံးရှုံးရပြန်သည်။

" ကြည့်ပါအုံး ... အိပ်နေသလိုပဲ၊ သူပြန်နိုးလာပြီး ငါ့ကိုရန်တွေ့တာမြင်ချင်သေးတယ် "

ဂျရယ်မိုင်ရာ​၏နီလာမျက်ဝန်းများက မျက်ရည်ကြည်များ ပြည့်လျှံစပြုလာလျက်။ သို့သော်လည်း မျက်ရည်များကိုထိန်းထားလျက် ပြုံးယောင်သမ်းနေသည်။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now