ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames

611 62 4
                                    

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 32
Romance After Flames

╚═════ ࿇ ═════╝

ဂျရယ်မိုင်ရာက ခရစ်စတိုဖာနှင့်အတူ ဒေါမနစ် (အဖေ) နှင့် ဂရေဟမ် (အဘိုး)တို့ကို သူ​၏စွမ်းအားများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

တစ်ဖက်တွင်မူ ကိုတက လင်ကွန်း၊ ဂါဘရီရယ်နှင့် အဒေါနစ်တို့ကို သုံးယောက်နှင့်တစ်ယောက်၊ တစ်ကိုယ်တော် ယှဉ်ပြိုင်တိုက်ခိုက်နေခဲ့သည်။

ဂျရယ်မိုင်ရာက ဒေါမနစ်နှင့် ဓားချင်းယှဉ်ပြိုင်ခုတ်ထစ်ရာတွင် လက်ရည်အတူတူဖြစ်နေခဲ့သဖြင့် အတော်လေး အားစိုက်ထုတ်ကာ ဒေါမနစ်ကို ခုခံတ်ိုက်ခိုက်နေခဲ့ရသည်။

ခရစ်စတိုဖာကမူ ဂရေဟမ်​၏ အင်အားပြင်းသော စွမ်းအားတိုက်ကွက်များကို ဆက်တိုက်ရှောင်တိမ်းနေခဲ့ပြီးနောက် သူ​၏ဓားရှည်နှစ်ချောင်းကို ဆင့်ခေါ်ခဲ့ကာ ဂရေဟမ်ကို သူ​၏ကိုယ်ပိုင်နည်းဗျူဟာဖြင့် အရိုးကြေကြေ အရည်ခမ်းခမ်း တိုက်ခိုက်နေခဲ့သည်။

ကိုတက ရေ၊လေ၊မြေ၊မီး၊သစ်တော စသည့် ဓာတ်ကြီးငါးပါးကို ကိုယ်စားပြုသော ကြယ်စက်ဝိုင်းများကို ဖန်ဆင်းခဲ့ပြီး ဘိုးတော် ၃ ယောက်ဆီ တိုက်ရိုက်ပစ်လွှတ်ခဲ့ရုံတင်မက ယင်စွမ်းအားကို အသုံးပြုကာ အားပြင်းသောဧရာမမီးဓာတ်လုံးကြီးတစ်ခုကို ဖန်ဆင်းခဲ့လျက် အရှိန်ဖြင့် ထုတ်လွှတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ဂရေဟမ်နှင့် ဒေါမနစ်ဆီကိုပါ မီးလုံးများ ပစ်လွှတ်ပေးခဲ့ပြီး ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာတို့ ပြေးလွတ်စေရန်အတွက် ကူညီပေးခဲ့သည်။

" ဟေ့ကောင်တွေ ... လာပြေးကြမယ် "

ကိုတက သူ့ပတ်ပတ်လည်မြေကြီးတစ်ဝိုက်မှာ ယင်ယမ် teleport စက်ဝိုင်းတစ်ခုကို ဖန်တီးခဲ့ပြီး ခရစ်စတိုဖာနှင့်ဂျရယ်မိုင်ရာတို့ကို ၎င်းမှော်စက်ဝိုင်းအတွင်းသို့ အမြန်ဝင်လာကြရန် ခေါ်ခဲ့သည်။ သူတို့နှစ်ယောက်လည်း ကိုတ​၏စက်ဝိုင်းအတွင်းသို့ တုံ့ဆိုင်းမနေဘဲ ခုန်ဝင်ခဲ့ကြ​၏။

𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬 // OC Completed//Where stories live. Discover now