Part 2//

10.3K 1.1K 44
                                    

Unicode
"မန်နေဂျာချွဲ..."

".............."

"မန်နေဂျာချွဲ??"

တစ်ခါခေါ်လဲမကြား နှစ်ခါခေါ်လဲမကြားသည်မို့ဂျောင်ဂုအတော်ပင်စိတ်ပေါက်လာသည်

*ဒီကောင်ဘယ်ကမ္ဘာမှာသွားအိပ်နေလဲ*

"မန်နေဂျာချွဲ!!!!!!!!!!"

"ဗျာ!!! သူဌေးကျွန်တော်လာပါပြီ"

လိပ်ခေါင်းထွက်မတတ်အော်ခါမှ သကောင့်သားကရောက်ချလာတော့သည်

"မင်းကဘယ်တွေရောက်နေတာလဲ ငါဒီလောက်ခေါ်နေတာမကြားဘူးလား"

"ကျွန်တော် အင်တာဗျူးဖြေမယ့်သူတွေအတွက်နေရာတွေသွားစီစဥ်ပေးနေလို့ မကြားလိုက်မိတာပါ"

ပြောလိုက်ရင်တော့ ချွဲရှင်ဘုံးတို့က ဆင်ခြေဆင်လက်တွေအပြည့် အာ့ကောင်ရဲ့ဦးနှောက်က ဒါမျိူးဆိုအရမ်းသွက်တာ

"အေး အာ့တာဆိုလဲပြီးတာပဲ ငါ့အတွက်မနက်စာစီစဉ်ပေးအုန်း အခုထိဘာမှမစားရသေးဘူး"

*လာပြီ ဒါမျိုးကသူ့ secretaryလုပ်ပေးရမယ့်ကိစ္စကိုအခုတော့ငါက ယာယီခိုင်းဖက်ကြီးပါပေါ့ အမယ်လေးအမေရယ် ဘာလို့သားကိုဒီလိုနှိပ်စက်တတ်တဲ့အကိုဆီကိုပို့ရတာလဲ အီးဟီး*

ဒါကလဲစိတ်ထဲကပဲတွေးလိုက်ခြင်းသာ အပြင်မှာတော့မငြီးရဲပါလေ ဒီလူ့ဂွစာကိုသူ့မိဘတွေကတောင်ကြောက်ရသည်မလား အံ့ဩပါ့ ကိုယ်မွေးထားတဲ့သားများကြောက်ရတယ်လို့

"ဟေ့ကောင်...မင်းမသွားသေးဘူးလား ဘာလုပ်နေပြန်ပြီလဲ အူကြောင်ကြောင်နဲ့"

"ဟုတ် ဟုတ် ခုပဲသွားလိုက်ပါ့မယ်"

မကျေနပ်ချက်တွေလဲရင်ထဲမှာပဲသိမ်းထားရကာ အခုတော့မနက်စာဆက်သဖို့ပြေးရပြန်ပြီလေ

companyရဲ့ထုတ်ကုန်အသစ်ဖြစ်တဲ့ lavender perfumeကိုဒီနှစ်အတွင်းထုတ်လုပ်ရောင်းချနိုင်ရန် ဂျောင်ဂုအသည်းအသန်ကြိုးစားလျက်ရှိသည်

လချုပ်စာရင်းတွေစစ်နေတုန်း ဖုန်းလာသည်မို့ကြည့်လိုက်တော့~

"ဟင် ဒယ်ဒီပါလား"

သူအသက်နှစ်ဆယ့်လေးနှစ်လောက်ထဲက ဒယ်ဒီကသူ့ထံ companyကိုလွှဲပြောင်းကာ ကျန်းမာရေးအတွက်နိုင်ငံခြားမှာဆေးကုသမှုခံယူနေရသည်

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now