Part7//

7.6K 845 51
                                    

Unicode

"အတွင်းရေးမှုးကင် ဒီနေ့အစည်းအဝေးကဘယ်နှစ်နာရီလဲ"

"သုံးနာရီပါသူဌေး"

"အင်း သုံးနာရီဆိုတော့ အခုကတစ်နာရီပဲရှိသေးတယ် မင်းဘာစားချင်လဲ"

"ကျွန်တော်ဗိုက်မဆာပါဘူးသူဌေး"
အံမယ် မငြင်းစဖူးတွေငြင်းနေပါလား ပြီးတော့လဲ လဒမှိုင် မှိုင်နေ‌သေးဘာဖြစ်တာလဲမသိ

"မင်းနေမကောင်းဘူးလား"

"ဗျာ ကောင်းပါတယ်"

"အာ့ဆိုဘာလို့အရင်လိုလက်လက်ထမနေတာလဲ"

အော် အသည်းကွဲနေပါတယ်ဆိုမှပဲ ဒီလူကြီးကသူ့ကိုလာနန့်ခိုင်းနေတယ် ဒုက္ခပဲ
သူ့ရှေ့ပဲအချိန်ပြည့်ရွပိုးထနေရမလိုလို လူလဲတည်ငြိမ်တတ်ပါသေးတယ်နော်

"ဒီလိုပါပဲ သူဌေးကိစ္စလေးရှိလို့ပါ"

"ဘာကိစ္စလဲ?"

ဟာဒီသူဌေးလူ့ဂွစွာ ဘာလို့ဒီနေ့စကားတွေအရမ်းများနေရတာလဲ သူစာနာတတ်သွားပါပြီသူ့ဘေးကလူတွေကို
သူလဲအရင်ဆိုစကားတွေပေါက်ပေါက်ဖောက်တာ ဘေးကလူတွေတော်တော်နားညီးမှာပဲ

"အသည်းကွဲနေလို့ဗျာ အသည်းကွဲနေလို့"

"ဘာ!!!"

အမယ်လေး သူဌေးရဲ့ "ဘာ" ကနားတွေပါအူထွက်ကုန်တယ် ကန်းပြီလားမသိဘူး အသံအားကကောင်းလိုက်ချည်လား အန်ကယ်ကတော့ ရက်စ်ပါသားရေ အယ် မဟုတ်ပါဘူး

"သူဌေး ဘာဖြစ်လို့လဲ"

"နေပါအုန်း မင်းကလက်တောက်လောက်နဲ့အသည်းတွေဘာတွေကွဲတတ်နေပြီပေါ့"

မသိရင်ပဲအသက်မပြည့်တဲ့သားကို ရည်းစားထားလို့ဆူနေတဲ့ကလေးအဖေကြီးကျနေတာပဲ
ဘယ်ကိုကြည့်ပြီးလက်တောက်လောက်လို့သူကပြောနေတာလဲ ငါကအသက်လဲပြည့်ပြီဘွဲ့လဲရပြီအရက်လဲသောက်လို့ရပြီ ဒါပေမယ့်ခါးလို့သာမသောက်တာ

"သူဌေး ကျွန်တော်ကဘာလို့လက်တောက်လောက်လဲ"

"မင်း..."

ဂျောင်ဂုပြောပြီးမှစဉ်းစားမိတာ အေးဟုတ်သားပဲ သူကငါနဲ့ဖြင့်သုံးနှစ်နီးပါးလောက်ပဲကွာတာကို

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now