Part18// FINAL

10.3K 678 24
                                    

Unicode

သူတို့တွဲတာနှစ်လပြည့်ခဲ့ပေမယ့် ‌ဂျောင်ဂုအဖေကလွဲလို့ ထယ်ယောင်းမိဘတွေမှာသူတို့နှစ်ဦးတွဲနေတာကိုမသိကြ

ထယ်ယောင်းက ခဏနေပါအုန်းဆိုလို့သူဖွင့်မပြောပဲထားခဲ့တာ ဒယ်ဒီကတစ်ခါတည်းလက်ထပ်ဖို့အကြောင်းသူလမ်းဖောက်ပေးမယ်ဆိုပြီးပြောပေမယ့်ကလေးငယ်ကသူကိုယ်တိုင်ပဲဖွင့်ပြောချင်ပါတယ်ဟုတောင်းဆိုလာလေတော့လဲ ချစ်ရသူအလိုကျလက်ခံပေးခဲ့သည်

“ဘေဘီအဆင်ပြေပါ့မလား ကိုယ်ပါတစ်ခါတည်းလိုက်ခဲ့မယ်လေအိမ်ထဲ”

ဒီနေ့သူ့ရဲ့မိဘတွေကို ဖွင့်ပြောတော့မည်ဟုကိုကို့ ကိုအသိပေးလိုက်မိတာ အခုအိမ်ထဲကိုသူပါလိုက်မယ်တကဲကဲလုပ်နေတယ် ခက်တော့နေပြီ

“ထယ် အဆင်ပြေပါတယ်ကိုကိုရယ် ဒါထယ့်မိဘတွေပါ”

“ကိုယ်ကစိတ်ပူတယ် ဘေဘီရဲ့ တော်ကြာအဖေကစိတ်တိုပြီးထယ့်ကိုရိုက်ရင်ဘယ်လိုလုပ်မလဲ”

ပြောရမယ့် ကာယကံရှင်သူကိုယ်တိုင်ကဘာမှမဖြစ်ရဘူး သူ့ရဲ့ချစ်သူက ကဲကဲသဲသဲ အခုလဲထိုင်မရထမရနဲ့ပုံစံက

“အာ့အတွက် စိတ်မပူပါနဲ့ ကိုကိုရယ် အာပါးကထယ့်ကိုသိပ်ချစ်တာ သူဘယ်လောက်ပဲစိတ်တိုတိုထယ့်ကိုအသားနာအောင်လုပ်မှာမဟုတ်ဘူး အာ့တာတော့သေချာတယ်”

အရှေ့ကစိတ်ပူလွန်းနေတဲ့လူကြီးကို စိတ်သက်သာရာ ရလိုရငြားသူရီရီမောမောပြောနေမိသည် သို့သော်သူ့ရင်ထဲမှာတော့စိတ်တွေအရမ်းလှုပ်ရှားနေတာသူသာအသိဆုံး အာပါးကတစ်ခါမှဒေါသထွက်တတ်တဲ့သူမဟုတ်ဘဲ အမြဲတမ်းပြုံးရီနေတဲ့သူမျိုး ဒါပေမယ့်အာ့လိုလူတွေကဒေါသထွက်လာပြီဆိုပိုကြောက်ဖို့ကောင်းတယ်ဆိုပြီးသူကြားဖူးသည်

“ကဲ ထယ်အိမ်ထဲဝင်တော့မယ်နော်”

သူ့ရဲ့လက်ပေါ်ကကိုကို့ရဲ့ လက်ဝါးကြီးကိုဖယ်ချပြီးကားတံခါးဖွင့်ဖို့လုပ်တော့

“ဘေဘီ ခဏနေအုန်း”

ဘာလဲဆိုပြီး ပြန်ကြည့်ပေးလိုက်တော့

ဂျောင်ဂုက ထယ်ယောင်းရဲ့မျက်နှာကို သုံးစက္ကန့်လောက်ပြုံးပြုံးကြီးကြည့်နေရင်း သူ့ရဲ့လက်တွေက ထယ်ယောင်းရဲ့မျက်နှာလေးကိုလှမ်းပြီးဆွဲယူလိုက်ကာ နဖူးလေးပေါ်တစ်ချက် နှာခေါင်းချွန်ချွန်လေးပေါ်တစ်ချက် ပါးရဲ့ဟိုဘက်ဒီဘက်ကိုတစ်ချက်စီ နောက်ဆုံးအနေနဲ့ သူ့ရဲ့မြတ်နိုးရာတစ်ဦးတည်းအပိုင်နှုတ်ခမ်းလေးဆီ

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now