Part10//

7.8K 774 84
                                    

Unicode

တီ တီ~~

ထယ်ယောင်းသူ့အိုမားကို သူငယ်ငယ်ကဘယ်လိုစော်ကြည်ကြောင်း the whole kingကိုဘယ်လိုရခဲ့ကြောင်းတွေကို ရေဖတ်မဝင်ပြောပြနေတုန်း ကားဟွန်းတီးသံကြားတော့

"အိုမား သူဌေးလာပြီထင်တယ်"

"အေးအေး အိမ်ထဲလေးဘာလေးခေါ်လိုက်အုန်း ဧည့်ခံရအောင်လေ"

"ဟုတ်"

ထယ်ယောင်း ‌ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးထွက်သွားတာကို သူ့အိုမားကမြင်တော့

"အမယ်လေး ငါ့သားအာ့လောက်ဖင်ပေါ့မှန်းခုမှသိတယ်တော်"

"ရှင်မ ဘယ်သူတုန်းကွ"

"အော် Mr.Jeonရဲ့သားလေ ရှင့်သားရဲ့သူဌေး"

" ဟေ ဟုတ်လား အာ့ကလေးကဒီကိုဘာလာလုပ်တာလဲ"

"သူတို့အလုပ်ကိစ္စပေါ်လို့ဆိုလားပဲ ရှင့်သားကိုလာခေါ်တာတဲ့"

Mr.Kim ရဲ့ခေါင်းပေါ်တွင် question markများတန်းစီသွားရသည်
နေပါအုန်း ငါကြားမိသလောက်ကတော့ ဒီကလေးကဒီလိုမျိုးသူ့ဝန်ထမ်းကိုအကြိုအပို့လုပ်ပေးမယ့် ကလေးဖြစ်ဟန်မတူပါဘူး ငါကြားတာတွေကပဲမှားနေတာလား??

ထယ်ယောင်းခြံတံခါးကိုအပြေးလေးဖွင့်ပြီး သူဌေးရဲ့ကားနားကိုသွားလိုက်တော့ ကားမှန်ကိုချပြီးသူ့ကိုကြည့်နေတယ်

"ဟို သူဌေး အိမ်ထဲဝင်ပါအုန်းလားဟင် အအေးလေးဘာလေးဝင်သောက်သွားပါလား ရာသီဥတုကလဲပူ..."

သူက ပေါက်ပေါက်ဖောက်နေသလောက် သူဌေးကတစ်ခွန်းမှပြန်မပြောတာကြောင့် စိတ်မရှည်တော့တာများလားဟုထယ်ယောင်းတစ်ယောက်ကောက်ချက်ချကာ

"ဟို အာ့ဆိုလဲ ကျွန်တော်လွယ်အိတ်သွားယူ.."

"ဖယ်ပေးအုန်းလေ"

"ဗျာ??"

"မင်းက ကိုယ့်ကားရှေ့မှာပိတ်ရပ်နေတာဘယ်လို၀င်ရမှာလဲ"

"အော် အော်"

အာ့တော့မှထယ်ယောင်းလဲအယောင်ယောင်အမှားမှားဖြင့် ဘေးဖယ်ပေးလိုက်တော့ သူ့အိမ်သူ့ရာလိုပဲဝင်သွားတဲ့သူဌေး

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now