Part12//

7.9K 782 46
                                    

Unicode

နှစ်ယောက်သားဖက်လျက်သားကြီးနေနေတာ နှစ်မိနစ်ကျော်ကျော်လောက်ရှိပြီ
လမ်းသွားလမ်းလာတွေကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့ထယ်ယောင်းမနေတတ်တော့ ဂျောင်ဂုရဲ့လက်တွေကိုအတင်းဖြည်ချသော်လဲ အရာမထင် ကိုယ်သာမောသွားတယ်သူကကော်နဲ့ကပ်ထားတဲ့အတိုင်းပဲ

"ဂျောင်ဂု~ ဟို ဖယ်အုန်းလေ"

"မဖယ်ဘူး အဖြေပေးလေကိုယ့်ကို"

"မဟုတ်ဘူးလေ အဖြေကခဏတော့စောင့်ရအုန်းမှာပေါ့"

"ဘာလို့လဲကိုယ့်ကိုမချစ်လို့လား"

"အာ့လိုလဲမဟုတ်ဘူးလေ"

"ဒါဆိုချစ်တယ်ပေါ့!!"

"အာ့တာကလဲ အာ့လိုကြီးတော့မဟုတ်သေးဘူးလေ"

ဟိုလိုလဲမဟုတ် ဒီလိုလဲမဟုတ်တဲ့ အကောင်ပေါက်ကိုသူစိတ်မရှည်တော့

"အာ့ဆိုဘာလဲကွာ ထယ်ကလဲ"

သူ့ကို ထယ်တဲ့ သူဌေးကလေ အဟီးးး

"ဟို ရုပ်ရှင်တွေထဲမှာဆို ရည်းစားစကားပြောခံရရင် အကြာကြီးစဉ်းစားကြတာလေ"

အော် လက်စသတ်တော့သူ့ရဲ့ပြာသလူးစိန်လေးက ရုပ်ရှင်ရဲ့လွှမ်းမိုးမှုတွေခံနေရတာကိုး

"ဒီမှာထယ်ရဲ့ ကိုယ်ပြောပြမယ်သေချာနားထောင်"

အာ့တော့မှ အကောင်ပေါက်လေးကမျက်လုံးလေးတွေဝိုင်းသွားပြီးသူပြောမယ့်စကားကိုအာရုံစိုက်ပြီးနားထောင်နေတယ်
ဒီဟာလေးကိုအသည်းယားလိုက်တာကွာ

"လူတစ်ယောက်က တစ်စုံတစ်ယောက်ကိုတကယ်ချစ်မိပြီဆိုရင် အချိန်ဘယ်လောက်ကြာကြာချစ်နေအုန်းမှာပဲ
အကယ်၍ ကိုယ်ကသူ့ကိုအဖြေပေးဖို့အချိန်အကြာကြီးဆွဲထားပြီးမှပေးလိုက်လဲ အာ့လူကသစ္စာဖောက်နိုင်သေးတာပဲလေ ထယ်ကကိုယ့်ကို အခုချက်ချင်းအဖြေပေးလိုက်ပေမယ့် ကိုယ်ကထယ့်ကိုတစ်သက်လုံးသစ္စာရှိရှိချစ်သွားနိုင်တယ်ဆိုတာအာမခံတယ်"

သူ့ရှေ့မှာ ပါးလေးတွေရဲပတောင်းခက်နေပြီးသူပြောသမျှနားထောင်နေတဲ့ထယ်က

"ကိုယ့်ဘက်ကိုယ်ယပ်တဲ့ လိပ်ကြီး"

ထယ့်ရဲ့စကားကြောင့်သူခေါင်းမော့ကာပင်ရီမိသည် ဒီဟာလေးကဘယ်စကားပြောပြောချစ်ဖို့ကောင်းနေတော့ခက်နေပြီလေ

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now