Part9//

7.5K 780 14
                                    

Unicode

ဒီနေ့ရုံးပိတ်ရက်ဆိုတော့ ဂျောင်ဂုထိုင်မရထမရဖြစ်နေတယ် အလုပ်စောပဲကပ်နေတာလား ဘာဖြစ်နေလဲမသိ သူသိတာကတော့အလုပ်ပဲသွားချင်နေတာ

"ဟူးးးးး"

ညအိပ်ဝတ်စုံအစင်းကျားကြီးနဲ့ မနက်ကတည်းကအရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်လုပ်နေတဲ့ သူ့အကိုကြီးကိုချွဲရှင်ဘုံး တော်တော်မျက်စိနောက်နေပြီ
သက်ပြင်းတွေကလဲချလိုက်တာဆိုတာ တဟူးဟူးနဲ့သူပါလွှင့်တော့မယ်

"အကိုကြီး ဘာဖြစ်နေတာလဲ"

"ငါလား ဘာဖြစ်နေလို့လဲ"

"အကိုကြီး အခုဖြစ်နေတာလေ"

"ဘာမှမဖြစ်ပါဘူး"

"နားရက်လေးတော့ဦးနှောက်ကိုအေးဆေးထားပါအကိုကြီးရယ် အလုပ်သရဲမှန်းသိပေမယ့် ကြာရင်ကျန်းမာရေးထိခိုက်မယ်"

"ငါအခုဘာတွေးနေလဲမင်းသိလို့ ငါ့ကိုလာပြောနေတာလား"

"အကိုကြီးက ဘာများတွေးမှာလဲ သေချာပေါက်အလုပ်အကြောင်းပဲပေါ့"

"ငါ့ဟာငါတောင်ဘာဖြစ်နေမှန်းမသိတာကို မင်းပါးစပ်ပေါက်ကတိတ်တိတ်လေးနေစမ်းပါ"

"လာပြီမနက်ကတည်းက ဘုနဲ့ဘောက်တွေ"

အပြင်ကိုကြည့်လိုက် သက်ပြင်းတွေချလိုက်လုပ်နေတဲ့ဂျောင်ဂု
မသိရင်ဘဲ အပြင်ထွက်ခွင့်ပိတ်ခံထားရတဲ့ကလေးလိုလို
မြင်ရတွေ့ရတာအဆင်မပြေတော့ သူလျှာရှည်မိပြန်သည်

"အကိုကြီး အပြင်ထွက်ကြမလားကျွန်တော်နဲ့"

"မထွက်ချင်ပါဘူး ရှုပ်ရှုပ်ယှက်ယှက်"

"သူများတွေလိုမျိုး အားလပ်ရက်ကိုပျော်ပျော်ကြီးကုန်ဆုံးစမ်းပါအကိုကြီးရဲ့ အတွင်းရေးမှုးကင်ဆိုပျော်နေလောက်ပြီ"

"သူကဘာလို့ပျော်ရမှာလဲ"

"အကိုကြီးမသိဘူးလား သူဒီနေ့ဟိုသူဌေးမင်နဲ့ လျှောက်လည်ကြမယ်တဲ့ ဖုန်းပြောနေတာမထင်မှတ်ပဲကြားလိုက်တာ"

"ဘာ တကယ်လား"

"ဟုတ်တယ်လေ"

ပြောလို့‌တောင်မဆုံးသေးဘူးသူ့ရှေ့ကနေဝှစ်ကနဲပြေးပြီးအ‌ပေါ်ကိုတတ်သွားတဲ့အကိုကြီး
ဘယ်လောက်ထိမြန်လဲဆို ရှေ့ကနေဖြူဖြူအကျားကြီးပဲတွေ့လိုက်ရတယ်

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now