Part5//

8.3K 934 66
                                    

Unicode

ထယ်ယောင်း companyရှေ့က Bloomingဆိုတဲ့ဆိုင်လေးထဲကိုဝင်ကာသူဌေးအတွက်မနက်စာမှာရန်ကောင်တာနားသို့သွားလိုက်ပြီး

*အယ်နေပါအုန်း နို့ အေးအာ့ဒီနို့ကဘာဆိုလဲ မန်နေဂျာချွဲပြောတာ သူဌေးကအာ့လိုလုပ်ထားတဲ့နို့ကိုပဲသောက်တာတဲ့*

"ဘာအလိုရှိပါသလဲရှင်"

ဝန်ထမ်းမလေးတစ်ယောက်ကသူ့အားနှုတ်ဆက်လာတာတော့ ပါးစပ်ကအယောင်ယောင်အမှားမှားဖြင့်

"နို့ရှိလားဟင်"

"ရှင်??"

"အာ ဟို ဟိုနို့လေ ဟိုဟာဗျာ..."

ဝန်ထမ်းမလေးမှာလဲ မျက်ပြူးဆန်ပြာဖြင့် ဒီလူရုပ်ချောချောလေးနဲ့နှာဘူးလားပေါ့
ထယ်ယောင်းလဲအရမ်းကောင်းလွန်းလှတဲ့မှတ်ဉာဏ်တွေကို recallပြန်ခေါ်တော့

"ကင်ထယ်ယောင်းရှီ သူဌေးကမနက်စာဆို နွားနို့နဲ့ sandwichမှာတဲ့နေ့ရှိပါတယ် နွားနို့ဆိုအဆီဖယ်ပြီးသားနို့ကိုပဲသူကသောက်တယ် tuna sandwichဝယ်ပါ ပြီးရင်ကြက်သွန်မထည့်ခိုင်းပါနဲ့ egg sandwichမဟုတ်ပေမယ့် ကြက်သွန်အစားကြက်ဥကိုထည့်ခိုင်းပါ" ဆိုပြီး မန်နေဂျာချွဲပြောစကားတွေပြန်ကြားယောင်တော့

"သိပြီ!!"

အသံကခပ်ဩဩမို့ထအော်တဲ့အချိန်ဝန်ထမ်းမလေးမှာ လန့်ဖြန့်သွားသည် ဘေးကမုန့်မှာနေတဲ့သူတွေကလဲဘာဖြစ်တာလဲဆိုတဲ့အကြည့်တွေနဲ့
ထယ်ယောင်းလဲရှက်ပြုံးလေးပြုံးပြလိုက်ကာ မန်နေဂျာချွဲပြောသည့်အတိုင်းမှာပြီး ထိုင်ခုံမှာထိုင်စောင့်နေလိုက်သည်

မှာထားတာတွေရတော့အထုပ်နှစ်ထုပ်နဲ့ companyပေါ်သို့ပြန်ပြီးချီတတ်ခဲ့တော့သည်
လမ်းမှာတွေ့သမျှလူတွေကလဲ သူ့ကိုရင်းနှီးရှာသည် ဝန်ထမ်းသစ်မှန်းသိပေမယ့် အ‌ထက်စီးကနေမဆက်ဆံကြ

*အေးလေ ဒီလိုရုပ်ချောချောမျိုးကိုမှမခင်ရင် ဘယ်သူ့ခင်မလဲနော့*

ဂျောင်ဂုစာရင်းတွေကြည့်နေတုန်း အထုပ်တွေနဲ့ဝင်လာတဲ့ထယ်ယောင်းကိုတွေ့လိုက်သည်

"အော် လာပြီလား"

"ဟုတ်ကဲ့ သူဌေး မနက်စာရလာပါပြီ"

MY BABY SECRETARY 🍪🍦[COMPLETED]Where stories live. Discover now