ချစ်ရပါသော part. 3

4.8K 316 1
                                    

ရိပေါ်မနက်နိုးလာတော့ဆိုဖာပေါ်ကြည့်မိလိုက်တယ်..

''ရှောင်ကျန့် ကဘယ်ရောက်သွားတာလဲ...´´

ဆိုဖာပေါ်မှာရှိမနေတဲ့ရှောင်ကျန့်ကြောင့်ရိပေါ်အလိုမကျစွာမျက်မှောင်ကျုံ့မိတယ်...

အဲ့ဒီအချိန်အခန်းထဲရှောင်ကျန့်၀င်လာတယ်...

''သခင်လေး...နိုးပြီလား...
ကျွန်တော်သခင်လေးအတွက်မနက်စာဆင်းပြင်နေတာ
သခင်လေးမျက်နှာသစ်တော့မှာလား...
ကျွန်တော်ကူပေးမယ်.. .´´

ရိပေါ်လည်းမငြင်းပါ.. ..ဘာဘဲဖြစ်ဖြစ်ရှောင်ကျန့်ကသူလက်ထပ်ထားတဲ့သူဘဲလေ...

''အင်း...´´

ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်ကရိပေါ်လောက်မကြီးပေမဲ့ရိပေါ်ကိုတော့မနိုင်တယ်...

ရှောင်ကျန့်ရိပေါ်ကိုရေချိုးခန်းထဲမပြီးချပေးလိုက်တယ်...

''သခင်လေး...ဒီမှာရေ
သွားတိုက်တံ°´

ရိပေါ်သူ့ကိုအသေးစိတမလုပ်ပေးနေတဲ့သူကြောင့်စိတ်ထဲတော့ကြည်နူးနေမိတယ်....
တကယ်ဆိုဒါတွေကသူနေ့စဉ်လုပ်နေကျအလုပ်တွေပါဘဲ....

''မင်းအပြင်ခနထွက်ပေး´´

''ဘာလို့လဲ...´´

''ငါမျက်နှာသစ်မလို့...´´

''သခင်လေးကလည်းကျွန်တော်တို့ကသူစိမ်းတွေမှမဟုတ်တော့တာသခင်လေးမျက်နှာကိုပြလည်းဖြစ်ပါတယ်´´

''မလိုချင်ဘူး....မင်းအပြင်ထွက်နေ´´

''ဟုတ်´´

ရှောင်ကျန့် လည်းထွက်လာခဲ့လိုက်တယ်
ဟုပါတယ်သူလည်းရှက်မှာပေါ့လို့တွေးပြီး....

ရိပေါ်လည်းရှောင်ကျန့်ထွက်သွားမှမျက်နှာဖုန်းကိုချွတ်လိုက်တယ်....

တကယ်ဆိုသူ့မျက်နှာကဘာမှဖြစ်မနေပါဘူး.....
လူတွေရဲ့စိတ်ထားကိုစမ်းသပ်ဖို့အတွက်သုံးခဲ့တဲ့
ွနည်းလမ်းတခု...

ခနကြာတော့ရိပေါ်ခေါ်တာကြောင့်ရှောင်ကျန့်အခန်းထဲပြန်၀င်လိုက်တယ်...

''သခင်လေးရေချိုးအုန်းမှာလား´´

''ချိုးမယ်..´´

ချစ်ရပါသော...(U&Z)Onde histórias criam vida. Descubra agora