ချစ်ရပါသော.. part16

3K 174 0
                                    

ထိုနေ့တော့ရှောင်ကျန့်သူ့အမေဆီမသွားလိုက်ရပေ...

"ကော..."

"ဘာလည်း..."

"ကောရလည်းချိုချိုသာသာလေးထူးပါ....
ကောကကျွန်တော့ကိုခွင့်မလွတ်သေးဘူးလား..,"

ဖန်ရှင်းသူ့ရှေ့မှာစကားလာပြောနေတဲ့ဝမ်နင်ကြောင့်အလုပ်ပင်အာရုံမစိုက်နိုင်...

အစကတော့သူကြည့်မရပေမဲ့မြင်ရတာတွေ့ရတာများလာတော့ခင်တွယ်လာတယ်...

ဒါပေမဲ့စကားကတော့ချိုချိုသာသာမပြောခဲ့...

ဝမ်နင်ကြည့်ရတာသူ့ကိုခင်တွယ်လွန်းတယ်...
ဒါပေမဲ့သူ့ရဲ့ခင်မင်မှုတွေကမရိုးသလို..

ဒါကိုသူလည်းသတိထားမိတယ်..

ဒါပေမဲ့သူကgayမှမဟုတ်တာ...

ဖန်ရှင်းတွေးသာနေလိုက်တယ်...

တဖက်မှာလည်းရိပေါ်ဒေါသထွက်နေလေပြီ..

အကြောင်းကတော့..

ရှောင်ကျန့်ရဲ့အမေပျောက်သွားလို့ပင်...

လူတွေအစောင့်ချထားရဲ့နဲ့ရအောင်ခေါ်ထုတ်သွားတယ်...

သူကိုကို့ကိုဘယ်လိုမျက်နှာပြရမှာလည်း...

ရှောင်ကျန့်ကတော့မနိုးသေးပေ..

သူဒီအကြောင်းကိုကိုကို့ကိုသတိမပေးနိုင်သေး...

ဘာလို့ဆိုကိုကိုသိသွားရင်စိတ်ပူနေမှာစိုးလို့..

ရိပေါ်ရှောင်ကျန့်ကိုတော့မသွားချင်အောင်ဖြောင်းဖျရအုန်းမယ်...

"မောင်...'

"အင်း...ကိုကို..နိုးလာပြီလား'

"အင်း...မောင်ဘာဖြစ်လို့လဲ..မျက်နှာလည်းမကောင်းပါလား.."

"ဘာမှမဖြစ်ပါဘူး.....ကိုကိုမောင်တို့ခရီးထွက်ရအောင်.."

"ဟင်...ရုတ်တရက်ကြီး"

"ကိုကိုကမသွားချင်ဘူးလား..."

"သွားမှာပေါ့...ဖန်ရှင်းတို့ရောခေါ်ရအောင်"

"ကိုကို့သဘော.....ဒါနဲ့ဘယ်ကိုသွားချင်လဲ"

"ကမ်းခြေ..."

ချစ်ရပါသော...(U&Z)Where stories live. Discover now