ချစ်ရပါသော part4

4.6K 309 1
                                    

ရှောင်ကျန့်လည်းတွေးမိတယ်မောင်ကထင်သလောက်ဆိုးရွားမှာမဟုဘူးလို့...

ရှောင့်ကျန့်မသိခဲ့တဲ့အကြောင်းအရာတွေအများကြီးပါ....သူမသိခဲ့ဘူး၀မ်အိမ်တော်ကသခင်လေးကနွေးထွေးတတ်လိမ့်မယ်လို့..

သူများတွေအမြင်မှာ၀မ်သခင်လေးကအေးစက်တယ်မာနကြီးတယ်တဲ့....

သူအိမ်ထိန်းကိုမောင့်ရဲ့အကြောင်းကိုမေးကြည့်ခဲ့တယ်...

ကြားခဲ့ရတဲ့စကားတွေကြောင့်သူ့မှာစိတ်မကောင်းဖြစ်ရတယ်...

မောင့်ကိုငယ်လေးတုန်းကလူတချို့ကပြန်ပေးဆွဲခဲ့ကြတယ်တဲ့...

နေ့နေ့ညညအမှောင်ထဲမှာပိတ်ထားပြီးမောင့်ရဲ့မိဘတွေဆီကငွေတောင်းတယ်တဲ့...

မထင်မှတ်ထားတာမောင့်မိဘတွေကမိုးရွာတဲ့ညကြီးမှာငွေသွားပေးရင်းလမ်းမှာcar accidentဖြစ်ပြီးနှစ်ယောက်လုံးဆုံးသွားတယ်တဲ့...

မောင့်ကိုတော့ရဲတွေတွေ့ပြီးကယ်ထုတ်လာခဲ့တာတဲ့..

နောက်ပိုင်းမောင်ကအဖိုးနဲ့ကြီးပြင်းခဲ့ရတယ်...
သူ့ရဲ့မိဘတွေကသူ့ကြောင့်သေရတာပါဆိုတဲ့စိတ်လည်းစွဲခဲ့တယ်...

သူတစ်ယောက်ထဲသီးခြားနေတတ်တယ်အပြုံးအရယ်မရှိရေခဲလူသားလို့သူများတွေခေါ်ရလောက်အောင်နေလာခဲ့တယ်....

အသက်ကြီးလာတာနဲ့အမျှလုပ်ငန်းတွေဦးစီးခဲ့တယ်
သူရဲ့တိကျထက်မြက်မှုတွေကြောင့်စီးပွားရေးလောကမှာနတ်ဘုရားသဖွယ်အောင်မြင်ကျော်ကြားခဲ့တယ် .

နောက်ပိုင်းသူကချင်းရန်ဆိုတဲ့ကောင်းမလေးတျောက်နဲ့တွဲခဲ့တယ်သူအဲ့ဒီကောင်မလေးကိုအရမ်းချစ်ခဲ့တာတဲ့...

အဲ့ဒီကောင်မလေးနဲ့ဆိုပြုံးလို့ရယ်လို့တဲ့...

နောက်ပိုင်းသူaccidentဖြစ်လို့ဒုက္ခိတဖြစ်သွားတယ်ဆိုတဲ့သတင်းလည်းကြားရောနိုင်ငံခြားကိုထွက်သွားခဲတ့ယ်တဲ့....

သူဘယ်လောက်တောင်ခံစားလိုက်ရမလဲအသက်ငယ်ငယ်လေးနဲ့လောကဓံကိုရင်ဆိုင်လာခဲ့ရတာ...

စိတ်ချပါ..မောင်..မောင့်အနားမှာဘယ်သူမှရှိမနေရင်တောင်ကိုကိုကမောင့်အနားမှာဘဲအမြဲတမ်းရှိနေမှာ...

ချစ်ရပါသော...(U&Z)Where stories live. Discover now