ချစ်ရပါသော part6

4.1K 246 0
                                    

ရိပေါ်လမ်းလျှောက်နေရင်းကြားလိုက်ရတဲ့ပုလွေသံလေးကြောင့်ထိုအသံလာရာကိုလာခဲ့လိုက်တယ်...

တဖြည်းဖြည်း နဲ့နီးလာတဲ့ပုလွေသံစဉ်လေးနဲ့အတူမြင်နေရတဲ့နောက်ကျောလေး...

တောင်းကုန်းပေါ်ကအဝါရောင်ပန်းခင်းကြီးအဆုံးမှာသူ့ကိုကျောပေးပြီးပုလွေမှုတ်နေတဲ့ကောင်လေးတစ်ယောက်အဖြူရောင်၀တ်ရုံကို၀တ်ထားပြီးလေတိုက်တိုင်းအောက်သို့ချထားသောဆံနွယ်တို့လေထဲအလူလူလွင့်နေတယ်....

ရိပေါ်ခုမှသူ့ကိုယ်သူကြည့်မိတော့ ရှေးခေတ်အ၀တ်အစားတွေနဲ့....

သူဒါတွေဂရုမစိုက်အားသူဂရုစိုက်တာထိုသံစဉ်လေးကိုမှုတ်နေသောလူသားလေးဆီကို...

သူတဖြည်းဖြည်းနဲ့ထိုလူသားလေးဆီနီးလာတယ်..

ထိုလူသားလေးအနားရောက်တော့သူပုခုံးကနေကိုင်ပြီးသူ့ဖက်ကိုမျက်နှာလေးလှည့်လိုက်တယ်...

ဒါပေမဲ့သူမမြင်ခဲ့ရသူအိပ်မက်ကနေလန့်နိုးလာခဲ့တယ်...

ရိပေါ်ထိုအိပ်မက်ကိုမကြာခနမက်ပါတယ်...

သူအရမ်းသိချင်တယ်ထိုလူသားလေးကဘယ်သူလဲ...

သူနဲ့ဘယ်လိုပတ်သတ်မှုရှိတာလည်း...

ဘာလို့ရှေးခေတ်အ၀တ်အစားတွေနဲ့ဖြစ်နေရတာလဲ...

သူတွေးနေရင်းသူ့ရင်ခွင်ထဲကကောင်လေးလှုပ်လာတာကြောင့်အိပ်ချင်ယောင်ဆောင်နေလိုက်တယ်...

ရှောင်ကျန့် အိပ်ယာနိုးလာတော့မောင့်ရင်ခွင်ထဲမှာ..

ကြည်နူးဖို့ကောင်းလိုက်တာ....

သူသာလွတ်လွတ်လပ်လပ်အပစ်ကင်းကင်းနဲ့ဒီလူသားလေးရဲ့ဘ၀ထဲ၀င်ခဲ့ရရင်ဘယ်လောက်ကောင်းလိုက်မလဲ....

ရှောင်ကျန့် ရိပေါ်မသိအောင်ရိပေါ် နဖူး လေးကိုနမ်းလိုက်တယ်...

ပြီးမှနာရီကြည့်လိုက်တော့ငါးနာရီ....

သူထပြီးမနက်စာလက်ရအုန်းမယ်မလား...

သူထဖို့ရွယ်လိုက်တော့နောက်ကနေဆွဲဖက်လာတဲ့လက်တစုံ....

''ကိုကိုဘယ်သွားမလို့လည်း...´´

ချစ်ရပါသော...(U&Z)Where stories live. Discover now