ချစ်ရပါသော part10

3.5K 195 0
                                    

ရိပေါ်လည်းရုတ်တရက်ပျောက်သွားတဲ့ပုလွေသံလေးကြောင့်ရှောင်ကျန့်တို့ရှိရာကိုဘဲလာခဲ့လိုက်တယ်....

''မောင်...နေမကောင်းလို့လားမျက်နှာလည်းမကောင်းဘူး..´´

''မဟုတ်ပါဘူး...´´

ရိပေါ်သူ့အိမ်မက်အကြောင်းကိုတော့မပြောတော့...

''အင်းပါ.. .မောင်နေမကောင်းရင်ပြန်ရအောင်လို့ပါ´´

''မဟုတ်တာ...ကိုကိုကကြာကြီးနေမှရောက်တာကို´´

''ဒါဆိုလည်းမောင်ထိုင်နေနော်...ကိုကိုခလေးတွေနဲ့ကစားလိုက်အုန်းမယ်...ဟီး´´

''ကစားပါဗျာ..´´

ကလေးတွေနဲ့ဘောလုံးကန်နေတဲ့ကိုကို့ကိုကြည့်ပြီးသူပြုံးမိတယ်...

ကိုကိုကခလေးလေးလိုချစ်ဖို့ကောင်းလိုက်တာ...

သေချာကိုက်ိုကိုကြည့်မိပြီးကိုကို့အပြုံးတွေမြင်ရတော့ကိုကိုကယုန်လေးကိုကိုနဲ့တောင်တူနေသလို...

မဖြစ်နိုင်ပေမဲ့သူတွေးနေမိတယ်...

သူုပြန်ပေးဆွဲခံရတုန်းကသူနဲ့အတူခလေးတျောက်ပါပါလာတယ်...

အဲ့ဒီခလေးလေးကသူ့ထက်ကြီးတယ်တဲ့...

သူ့ကိုအမြဲကာကွယ်ပေးခဲ့တယ်...

ရယ်လိုက်ရင်ရှေ့သွားလေးနှစ်ချောင်းပေါ်နေတာကြောင့်ယုန်လေးကိုကိုလ်ို့ခေါ်ခဲ့တာ...

ရဲတွေရှာမတွေ့ခင်သူတို့ထွက်ပြေးခဲ့ကြတယ်...

ဒါပေမဲ့ကံဆိုးချင်တော့လူဆိုးတွေကသူတို့ကိုတွေ့သွားခဲ့တယ်..

ယုန်လေးကိုကိုကသူ့ကိုထွက်ပြေးခိုင်းပြီးသူအဖမ်းခံသွားတယ်....

နောက်ပိုင်းသူကရဲတွေနဲ့တွေ့ပြီးအိမ်ပြန်ရောက်ခဲ့တယ်...

ဒါပေမဲ့ သူယုန်လေးက်ိုကိုကိုမမေ့ခဲ့....

စုံစမ်းပေမဲ့လည်းသတင်းအစနမရခဲ့...

ခုချိန်ဆိုဘယ်နားရောက်နေပါလိမ့်.....

ရိပေါ်တွေးနေရင်ရုတ်တရက်သူ့ကိုလာဆွဲခေါ်တဲ့လက်လေးကြောင့်ကြည့်မိတော့ခလေးလေး...

ချစ်ရပါသော...(U&Z)Where stories live. Discover now