ချစ်ရပါသော.. part. 14

3.3K 187 0
                                    

ဧည့်ခန်းထဲထိုင်နေတဲ့လူသုံးယောက်...

တိတ်ဆိတ်နေတာကအပ်ကျသံပင်မကြားရလောက်အောင်...

ရိပေါ်စိတ်မရှည်စွာပြောလိုက်တယ်..

'ချင်းရန် မင်းဒီမှာဘာလုပ်နေတာလဲ...´

'ကိုကလည်းစိမ်းကားလိုက်တာ´

'မခေါ်နဲ့ငါ့ကိုအဲ့လိုမင်းနဲ့ငါနဲ့ပတ်သတ်မှုဆိုတာမရှိတော့ဘူး...´

'ကိုအရင်ကချစ်ခဲ့တာတွေမေ့သွားပြီလား..´

'မင်းမှာအရှက်မရှိဘူးလား...လက်ထပ်ထားတဲ့ယောက်ျားတျောက်ကိုလာပြောရဲတာ..ပြီးတော့အိမ်ထိလာနေတာ´

'မောင်..´

ရှောင်ကျန့်မိန်းကလေးတျောက်ကိုအဲ့လိုကြီးပြောတာတော့လွန်တယ်ထင်မိလို့တားလိုက်တယ်...

'ကိုကို..ကိုကို၀င်မပြောနဲ့´

ရိပေါ်ရှောင်ကျန့်ကိုတားလိုက်တယ်ဟုတယ်လေဒါကသူ့ရဲ့ကိစ္စလေဒီကိစ္စနဲ့ကိုကို့ကိုစိတ်မထိခိုက်စေချင်..

သူလည်းချင်းရန်ကိုပြတ်သားပြီးသားပါခုချိန်မှသူချစ်တာကရှောင်ကျန့်ဘဲလေ...

ဘယ်လိုအကြောင်းအရာမျိုးနဲ့မှသူတို့ဆက်ဆံရေးကိုအထိခိုက်မခံနိုင်...

ရှောင်ကျန့်လည်းငြိမ်နေလိုက်တယ်..
.ဒါပေမဲ့သူကိုယ်တိုင်လည်းစိတ်ထဲနေရခက်တယ်

အဆင်ပြေပြီထင်နေပေမဲ့လည်းအနှောက်အယှက်ကပေါ်လာတယ်...

သူဖြစ်ချင်တာကမောင်နဲ့နှစ်ယောက်တည်းအေးချမ်းတဲ့ဘ၀...

ချင်းရန်ဆိုတာကမောင်သိပ်ချစ်ခဲ့ရတဲ့မိန်းကလေးသူ့ကြောင့်တောင်မောင်ကမချစ်တတ်အောင်ဖြစ်ခဲ့သေးတာ...

သူကမိန်းကလေးလည်းဖြစ်သလိုလှလည်းလှတယ်..ပြီးတော့ယောက်ျားတိုင်းလိုချင်တဲ့ပုံစံမျိုး...

တကယ်လို့မောင်သာသူ့ကိုပြန်ချစ်သွားခဲ့ရင်...အတွေးနဲ့တင်တောင်ရင်ထဲပူလောင်လွန်းလှတယ်...

သူတကယ်ဘဲမောင့်ကိုချစ်မိနေပြီလေ...
အမေတခုသားတခုငယ်ကတည်းနဲ့အနိမ်ခံခဲ့ရတဲ့သူ့ဘ၀...

ချစ်ရပါသော...(U&Z)Where stories live. Discover now