ချစ်ရပါသော part. 5

4.5K 279 1
                                    

♥ ♡ ချစ်ရပါသော ♥ ♡

part.5

ရှောင်ကျန့်ရုံးခန်းထဲရောက်တော့ရိပေါ်ကိုဆိုဖာပေါ်ကိုရွေ့ပေးလိုက်တယ်..

ပြီးမှဆိုဖာအောက်မှာထိုင်ပြီးရိပေါ်ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်တယ်...

ရိပေါ်ကတော့ဘာမှန်းမသိကြောင်တောင်တောင်လေးကိုကိုကဘာတွေလုပ်နေတာလဲလို့တွေးမိတယ်...

ခနနေတော့ရှောင်ကျန့်စကားဆ်ိုလာတယ်..

''မောင်...ကိုကိုတောင်းပန်ပါတယ်ကိုကို့ကြောင့်မောင်အပြောခံရတာ
မောင့် ကုမ္ပဏီ လာပြီးမောင့်ကိုသိက္ခာချသလိုဖြစ်နေခဲ့ပြီ...
တောင်းပန်ပါတယ် နော်´´

ပြောရင်းမျက်ရည်လေးတွေကျနေတဲ့ရှောင်ကျန့်ကိုကြည့်ပြီးရိပေါ်ရင်ထဲစူးစူးနစ်နစ်ခံစားရတယ်...

သူမမြင်ချင်ပါ....မမြင်ချင်တာထက်မမြင်နိုင်တာပါဒီလူသားလေးရဲ့မျက်ရည်တွေကို...

ဘာတွေကြုံတွေ့ခဲ့ရလို့ကိုက်ိုကဒီလောက်တောင်အားငယ်ရတာလည်း...

''မလိုပါဘူး...ခုကိစ္စကကိုကို့ကြောင့်မဟုပါဘူး´´

''ဟင့်..´´

''မငိုနဲ့တော့...မောင်ဗိုက်ဆာနေပြီထမင်းမကျွေးတော့ဘူးလား´´

''အာ....ကိုကိုမေ့သွားတာ...
ဟီးဟီးတောင်းပန်ပါတယ်
စားရအောင်´´

ရိပေါ်သူပြောတာကိုရယ်ပြီးပြန်ဖြေတဲ့ကိုကိုကိုကြည့်မိတော့ခနတာမှင်သက်မိတယ်..
ဘာမှခြယ်သထားခြင်းမရှိတဲ့မျက်နှာလေးကဖြူဥနေတယ်...
မျက်တောင်စဉ်းစဉ်းလေးတွေနဲ့ဆွဲဆောင်လွန်းတယ်

နှုတ်ခမ်းပါးလေးကတချက်တချက်ပြုံးလ်ိုက်ရင်သွားလေးတွေပေါ်လာတယ်

နှုတ်ခမ်းအောက်ကမှဲ့လေးကတော်မြတ်နိုးရာလေး...

တကယ်ချစ်ဖို့ကောင်းတဲ့ယုန်ဖြူလေး...

''မောင်....မောင်...မောင်လို့´´

''အမ်ဘာလို့အဲ့လောက်အော်ရတာလည်း´´

''ကိုကိခေါ်နေတာကြာလှပြီမောင်ကဘာတွေတွေးနေတာလည်း´´

''ဘာမှမတွေးပါဘူး´´

ချစ်ရပါသော...(U&Z)Where stories live. Discover now