Intro

3.3K 103 4
                                    

စတော်ဘယ်ရီ နှစ်ထပ်ကိတ်၏အပေါ်တွင် ခရင်မ် ဖြူဖြူအစက်လေးနောက်ဆုံးအစက်ကိုချပြီးနောက် မင်းသွန်းညှာ ပြုံးလိုက်မိသည်။ပါးစပ်မှလဲ

    "အား...နောက်ဆုံးတော့ပြီးသွားပြီပဲ...ခါးတွေတောင်ညောင်းတယ်..."

ခါးလေးကိုကော့ရင်း လက်သီးဆုပ်လေးဖြင့်နောက်ကျောကိုထုကာထုကာပြောနေသော သူ့ကိုကြည့်၍ သူ့ဆိုင်မှ ဝန်ထမ်းကောင်လေးတစ်ယောက်က ပြုံးကာ

     "Menuအသစ်လုပ်လို့ပြီးသွားတာလား ကိုမင်း...."

    "အင်း...ပြီးသွားပြီ...စတော်ဘယ်ရီအရသာကိုမှ ဒိန်ချဥ်နှစ်လေးရယ် ပြီးတော့...စတော်ဘယ်ရီတွေအများကြီး Toppingသုံးထားတယ်...မင်းတို့လာ မြည်းကြည့်ကြလေ..."

ထိုအခါ သူ့ဆိုင်မှ ဝန်ထမ်းလေး ၅ယောက်သည် ကိတ်ကိုမြည်းစမ်းကြည့်ကြလေသည်။

ဝန်ထမ်းမလေး ၁ ; "wow...ကောင်းလိုက်တာ...ဝါးလိုက်တိုင်း အနှစ်လေးတွေက လျှာပေါ်စိမ့်နေတာပဲ..."

ဝန်ထမ်းကောင်လေး ၂ ; "ရှယ်ပဲ ကိုမင်းရေ...ဒီmenuအသစ်ကတော့ နာမည်ကြီးဦးမှာပဲ..."

ဝန်ထမ်းမလေး ၃ ; "ကိုမင်းရဲ့လက်က ရွှေလက်များလားပဲ...."

ချီးမွန်းစကားတွေကိုနားထောင်ရင်း မင်းသွန်းညှာ ပြုံးမိသည်။မင်းသွန်းညှာ သည် Sweet Cake ဆိုင်ကလေး၏ပိုင်ရှင်ဖြစ်ကာ အချိုပွဲနှင့်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်ကျွမ်းကျင်သူလဲဖြစ်သည်။သူ၏လက်ရာက ကောင်းလှတာမို့ A မြို့တွင် သူ၏ဆိုင်လေးသည် နာမည်အသင့်အတင့်ရှိလေသည်။

မိဘမဲ့ဖြစ်သောသူသည် သူ့နည်းတူ မိဘမဲ့ကလေးများအတွက် ဂေဟာဆောက်ပေးကာ လစဥ် ထောက်ပံ့ပေးလေသည်။စိတ်ရင်းကောင်းသော်လဲ စိတ်တိုလွယ်တာ ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်သောအကျင့်လေးကြောင့် အနည်းငယ်တော့ လူမုန်းများလေသည်။

ညနေလဲစောင်းပြီဖြစ်သလို  ဆိုင်ပိတ်ချိန်လဲနီးပြီဖြစ်၍

    "ကဲ...အကို သွားပြီ...ဆိုင်ကိုမင်းတို့ပဲသွားသိမ်းလိုက်တော့ အာ...ဒါနဲ့ မင်းမြတ်ရေ...ညီလေးရဲ့စာအုပ်ကို အကို့ကိုအိမ်အထိငှားလိုက်ပါနော် အကိုဖတ်တာ ဇာတ်သိမ်းထိမရောက်သေးဘူး ရောက်ဖို့၁ပိုင်းပဲလိုတော့လို့...."

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now