Ch 3

807 97 2
                                    

ကွတ်ကီးဗန်းကို ကုတင်ဘေးရှိစားပွဲပေါ်တင်ကာ ကုတင်ပေါ်က ကလေးပေါက်လေးကို သူပြုံးပြလိုက်မိသည်။ကလေးလေးသည် ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လဲ မျက်ဝန်းလေးများကကြယ်အစုအတန်းလေးများကိုမြင်နေရသလိုပင်။မင်းသွန်းညှာလဲအသာပြုံးပြကာ သူ မိဘမဲ့ဂေဟာမှကလေးများကိုဆက်ဆံနေကြသကဲ့သို့ပင်

   "ညီလေး၊ဒီမှာ ကွတ်ကီးဖုတ်လာတယ်၊ စားလိုက်နော်၊ ကိုကို နို့လေးလဲပြန်ကျိုထားတာမို့ နို့နွေးနွေးလေးလဲသောက်လိုက်ဦး..."

သူဘယ်လောက်ပြောပြော နေနိုင်းမာန်လေးသည် သူ့အနားကိုကပ်မလာချေ။ထို့ကြောင့် သူလဲ ပြုံးပြကာ

   "ဗိုက်ဆာနေပြီမလား တစ်ခုခုစားလိုက်လေ၊ ကိုကိုရှိနေလို့မစားရဲဘူးဆိုရင် ကိုကိုအပြင်ထွက်ပေးမယ်နော်၊ အာ...ဒါနဲ့ ဒီကွတ်ကီးလေးကမြေပဲထောပတ်အပြည့်ဆိုတော့အရသာရှိတယ်သိလား၊"

ပြောရင်းဖြင့်သူသည် ကွတ်ကီးတစ်ခုကိုယူကာ နေနိုင်းမာန်လေးရှေ့မှာတင်ကိုက်စားပြလိုက်သည်။ထိုသို့လုပ်ခြင်းဖြင့် နေနိုင်းမာန်လေးသည်သူ့အပေါ်သိပ်မစိမ်းတော့ပဲရင်းနှီးမှုရလာနိုင်သည်ဟု စိတ်ထဲမှတွေးထင်မိလေသည်။သူ့စိတ်ထင် ဒီမုန့်တွေကိုမစားတာက ကလေးစိတ်ထဲစိုးရိမ်နေ၍များလားပေါ့။

နေနိုင်းမာန်သည် သူ့ရှေ့မှ ကလေးကလားပြုမူနေသောသူ၏အစ်ကိုဆိုသူအားကြည့်ကာ

   'ဒီအစ်ကိုကြီးက ကြပ်မပြည့်သလိုပဲ၊ ဟင်း ဒီအိမ်ကလူတွေကအန္တရာယ်လဲများတဲ့အပြင် ကြပ်မပြည့်တဲ့သူကပါရှိသေးတယ်၊'

မင်းသွန်းညှာသာ နေနိုင်းမာန်လေးတွေးနေသည်များကိုသိလျှင် နေနိုင်းမာန်၏တင်ပါးလေးကို ခပ်စပ်စပ်ကလေးရိုက်ပစ်လိုက်မည်ပင်ဖြစ်သည်။သို့သော် ယခုမူ သူဘာမျှမသိနိုင်ပေ။

   "ဒါဆို စားလိုက်နော် ရေချိုးမယ်ဆိုပြော ကိုကိုချိုးပေးမယ်၊လိုတာရှိရင် ဒီမှာ..ဒီကဘဲလ်လေးကိုနှိပ်လိုက်"

ကုတင်ဘေးရှိစားပွဲခုံအပုလေးပေါ်မှရွှေရောင်ဘဲလ်လေးကိုပြလိုက်ကာ သူလဲ အခန်းပြင်ထွက်လာလိုက်သည်။အခန်းပြင်ရောက်သော် သူ၏ခြေလှမ်းတို့သည်ဦးမင်းခမ်းနား၏စာကြည့်ခန်းသို့ ဦးတည်လိုက်သည်။

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now