Ch 7

700 134 5
                                    

[A/N ကတိအတိုင်း 50votesပြည့်သွားလို့ upလိုက်ပါပြီ။]

  "တောက်ခ်"

နိုင်းလေးထံမှထွက်ပေါ်လာသော တောက်ခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် အခန်းထဲမှ ကလေးအချို့၏ မျက်ဝန်းလေးများက သူ့ထံ ဝဲခနဲ။ဒါလဲ သူဂရုမထားမိ။သူ့မြင်ကွင်းထဲတွင် မင်းခေတ်လှိုင်းကို တွန်းလိုက်သည့် ကောင်လေးကိုသာ စူးစိုက်ကြည့်နေမိသည်။

တစ်ဖက်မှာလဲ

  "-ီးမို့လား၊ လူတစ်ယောက်လုံးတောင်မမြင်အောင် ဘယ်လိုလျှောက်နေတာလဲ..."

မင်းခေတ်လှိုင်းတစ်ယောက် မင်းသွန်းညှာကို အသာဖယ်ရင်း သူ့ကိုတွန်းမိသည့်ကောင်လေးကို ထဆဲမိသည်။ထိုကောင်လေးသည် အခြားအတန်းထဲမှ ကောင်လေးဖြစ်ကာ မင်းသွန်းညှာကိုကြိုက်နေသူလဲဖြစ်သည်။မင်းသွန်းညှာနှင့်နီးကပ်နေတတ်သော မင်းခေတ်လှိုင်းကို အမြင်ကတ်၍တမင်တကာ ဆောင့်တွန်းမိရာမှ မင်းသွန်းညှာကို မင်းခေတ်လှိုင်း၏ရင်ခွင်ထဲသို့တည့်တည့်ထည့်မိသည့်အဖြစ်ပင်။

မင်းခေတ်လှိုင်းသည်လဲ ထိုကောင်လေး၏စိတ်ဓာတ်ကိုသိသည်မို့ ဒေါသကထောင်းခနဲထွက်လာသည်။အစတည်းက ရှုးရှုးဒိုင်းဒိုင်းလုပ်တတ်သူမို့ မင်းခေတ်လှိုင်းသည် ထိုကောင်လေး၏ကော်လာကိုဆွဲဆောင့်ရန်ပြင်လိုက်လေသည်။ထိုအခါ နှင်းစက်လင်းနှင့်မင်းသွန်းညှာက လွန်လွန်ကျွံကျွံတွေမဖြစ်စေရန်ကြားဝင်ဖြန်ဖြေရတော့သည်။မင်းသွန်းညှာက မင်းခေတ်လှိုင်း၏လက်မောင်းကိုဆွဲကာ

  "တော်ပါတော့ကွာ၊ ငါတို့လဲကြီးကြီးမားမားထိခိုက်သွားတာလဲမဟုတ်ပဲနဲ့၊ လွှတ်ထားပေးလိုက်ပါ"

  "အေးလေ..၊ ဘာမဟုတ်တာလေးနဲ့ပြဿနာအဖြစ်ခံမနေနဲ့၊ ပြီးရင်ကြားထဲက နင်ကပဲနာမည်ဆိုးထွက်ဦးမယ်၊ "

   "ငါ့ပုံက နာမည်ဆိုးထွက်လဲသောက်ဂရုစိုက်မဲ့ပုံပေါ်နေလို့လား၊ အဲ့ကောင်ဘာအကွက်ခင်းနေလဲငါသိတယ်၊ ရာရာစစ.."

မင်းခေတ်လှိုင်းသည် ခပ်မာမာပြောလိုက်ကာ ဟိုဘက်ကကောင်လေးကိုစူးစူးရဲရဲစိုက်ကြည့်ပြီးမှအကြည့်လွှဲလိုက်လေသည်။မင်းသွန်းညှာသည်လဲ ထိုကောင်လေးဆီသို့တစ်ချက်ဝေ့ကြည့်လိုက်မိသည်။ထိုကောင်လေးသည်Alphaဖြစ်ပြီး အရပ်ရှည်ကာအသားဖြူဖြူ ပိန်ပိန်ပါးပါးပုံလေးပင်။သို့သော် အကြည့်တို့က မရိုးသားပဲ မူလပိုင်ရှင်ကိုတပ်မက်နေသည့်အကြည့်များကို ထွင်းဖောက်၍ပင်မြင်နေရသည်။

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now