Ch 1

1.2K 100 4
                                    

သူ့မျက်လုံးများပွင့်လာခဲ့သည်။ထိုခဏတွင် သူသတိထားမိသည်က

    "ဝါး...ဆေးရုံရဲ့မျက်နှာကျက်ကတောက်ပလိုက်တာ..."ဟူ၍။

မင်းသွန်းညှာသည် ဂုဏ်မက်သူမဟုတ်သော်ငြား မျက်စိပသာဒဖြစ်သော ပစ္စည်းလေးများကို ကြည့်ရှုရင်း မျက်စိအစာကျွေးရသည်ကိုတော့ အလွန်နှစ်သက်သူဖြစ်သည်။ဒါ့အပြင် အစားအသောက်များကိုရောပေါ့။

သူ၏လက်တစ်ဖက်ကို မြှောက်မိရာ အလွန်ပင်ပေါ့ပါးနေလေသည်။

ဟင်????

သူ၏မျက်ဝန်းထဲ Question markပေါင်းများစွာဖြတ်သန်းသွားသည်။၅လွှာအမြင့်ကနေပြုတ်ကျထားတာတောင် သူ့ခန္ဓာကိုယ်က ဘာလို့ပေါ့ပါးနေရတာတုန်း။ဒါ့အပြင် သူ့လက်ကလေးက အလွန်သေးသွယ်နေသည်။မသိလျှင် ၁၄နှစ်၊၁၅နှစ် အရွယ်ကလေးလေးတစ်ယောက်၏လက်နုနုလေးများအတိုင်းပင်။

ထိုစဥ်မှာပင် အခန်းတံခါးပွင့်လာသံနှင့်အတူ

    "သခင်လေး မင်းသွန်းညှာ...ကိုယ်လက်သန့်စင်လို့ရပါပြီ..."

    "ငါလိုး..."

ပါးစပ်ကဆဲမိမလိုပင်ဖြစ်သွားသည်။တော်သေးသည်က ခပ်တိုးတိုးအသံမို့ အလျင်အမြန်ထိန်းလိုက်နိုင်ခြင်းပင်။

စကားအဆုံးတွင် သူလဲလျောင်းနေသည့်ကုတင်နားသို့ အဖြူအမည်းစပ် maid dressဝတ်ဆင်ထားသော အမျိုးသမီးငယ်၃ယောက်နှင့် အသက်အရွယ်ကြီးရင့်နေသော မိန်းမကြီးတစ်ဦးက လျှောက်လာသည်။

    'နေစမ်းပါဦး....ငါဆေးရုံရောက်နေတာမဟုတ်ဘူးလား...သူတို့ကဘယ်သူတွေတုန်း...ပြီးတော့ သခင်လေးမင်းသွန်းညှာတဲ့လား????..'

သူငိုင်နေစဥ်မှာပင် အသက်ကြီးသည့် မိန်းမကြီးက

    "သခင်လေးရှင့်...ဒီနေ့ သခင်ကြီးက ဒုတိယအမျိုးသမီးရဲ့ သားလေးကို အိမ်တော်ကိုခေါ်လာမှာဖြစ်လို့ စောစောထပြီးပြင်ဆင်သင့်ပါပြီ....မဟုတ်ရင် ရိုင်းပြရာကျပါလိမ့်မယ်...."

    'ဘယ်ကသခင်ကြီးတုန်း? ဘာတွေလဲဟ'

ထိုစဥ်မှာပင် သူ့လက်မောင်းပေါ်သို့ ဟမ်းစတား အဖြူကောင်လေးက တက်လာသည်။ထိုဟမ်းစတားလေးသည် အမွှေးဖြူပွပွ လုံးလုံးလေးနှင့်ချစ်ဖို့ကောင်းလှသည်။သို့သော် မျက်နှာထားကတော့ မာတင်းနေသလိုလိုပင်။ထိုဟမ်းစတားကောင်လေးသည် မင်းသွန်းညှာ၏လက်မောင်းပေါ်တွင်အခန့်သားခွထိုင်ကာ အရှေ့ဘက်မှလက်တိုတိုလေးများကို လက်ပိုက်သဏ္ဍာန်ပြု၍

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now