Ch 10

558 67 7
                                    

လောင်းကြေးကလဲမြင့်လှသလို ရင်းထားရသည်ကလဲ ဂုဏ်သိက္ခာအချို့ဖြစ်သည်မို့ ပွဲကပိုမြိုင်လှသည်။‌ဒုတိယ နေနိုင်းမာန်လေး၏ အမြှောက်စာအုက်သုအပေါ်တွင်သာကွက်ကြားမိုးရွာနေသောမထီတရိအကြည့်ကလဲ မခံချိမခံသာဖြစ်ချင်စရာပင်။ဒီလိုနှင့်ဘတ်စကတ်ဘောစပြိုင်ကြသည်။

နေနိုင်းမာန်လေးတို့ဘက်တွင် လကျာ်လှိုင်း၊‌ မင်းစိုင်းသာ၊ မင်းခေတ်လှိုင်းနှင့်တကွ မြတ်ဒီပ ကပါ တရွတ်တိုက် ပါလာလေသည်။အကုန်လုံးပါသည့်အကြောင်းအရာကတော့ရှင်းရှင်းလေးပင်။သူတို့ကိုလာမထိသရွေ့အဲ့လူကိစ္စမှန်သမျှ သူတို့နှင့်ဆိုင်မနေ၊ သို့သော် အဲ့လူကသူတို့ကိုလာထိဖို့ကြိုးစားလျှင်တော့ သူတို့ကိစ္စဖြစ်သွားလေပြီ။ဒါပေါ့၊ ဉီးနှောက်မရှိတဲ့ငတုံးကပဲ သူတို့လို သခင်လေးများကိုယှဉ်ပြိုင်ရဲလိမ့်မည်လေ။ဥပမာ ဟိုဘက်အသင်းကကောင်တွေလိုပေါ့။

ဟိုဘက်အသင်းတွင်လဲ ၅ယောက်ပင်ဖြစ်ကာ ခန္ဓာကိုယ်ထွားကြလေသည်။ဟိုဘက်အသင်းကလူများသည် ကျောင်း၏လက်ရွေးစင်များဖြစ်သောကြောင့် သူတို့၏စွမ်းရည်ကို သွေးနားထင်ရောက်လျက်ရှိပေသည်။ခရိုင်အဆင့်ထိ‌ေရာက်ခဲ့သူ‌‌ေတွမို့ သူဆို့ကိုယ်သူတို့အထင်ကြီးလျက်ရှိခြင်းကို အပြစ်တော့မဆိုသာ။သို့သော် မည်သူကထင်မည်နည်း။ပွဲအစမှာပင် မင်းစိုင်းသာသည် ကွင်းလည်စည်းမှ ခြင်းဆီသို့ ဘတ်စကတ်ဘောသွင်းလိုက်ကာ 3 pointရယူလိုက်လေသည်။ကွင်းဘေးမှ အားပေးသံများကလဲစီကနဲထွက်လာသလို လကျာ်လှိုင်းကလဲ မင်းစိုင်းသာကိုကြည့်၍ "အဲ့တာ ငါသဘောကျရတဲ့ကောင်လေးပေါ့" ဟူသော ဂုဏ်ယူအပြုံးကြီးကရှိလို့နေသည်။မင်းသွန်းညှာကဖြင့် ကွင်းဘေးကကြည့်ကာ သူ့ညီသေးသေးလေး တစ်ခုခုထိခိုက်သွားမည်ကိုပင်စိုးရိမ်နေမိတော့သည်။

သို့‌‌ေသာ်ကစားပွဲအရှိန်က ထိုမျှနှင့်မပြီးပဲ မင်းခေတ်လှိုင်း၊ မင်းစိုင်းသာ နှင့် နေနိုင်းမာန်သည် တစ်ဖက်ကစားသမား၃ယောက်ကိုပိတ်ထားချိန်တွင် လကျာ်လှိုင်းက ခြင်းဆီခုန်ကာ ခြင်းကိုကိုင်၍ တစ်လုံးသွင်းကာ 1pointထပ်ယူလိုက်သည်။1 pointသာဖြစ်‌ေသာ်လဲ ပစ်သွင်းသွားသည့်အကွက်ကလှသည်မို့ အားပေးသံများကထပ်မံထွက်ပေါ်လာသည်။ကွင်းဘေးတွင်ရှိနေသော နွေလှိုင်းကမူ မသိလျှင်သူမအတွက် အမှတ်ယူပေးသလိုပုံစံဖြင့်ရှက်သွေးဖြာသွားလေသည်။သို့သော်လဲ ထိုရှက်သွေးဖြာမှုက ၁မိနစ်ပင်မကြာလိုက်ပေ။အဘယ့်ကြောင့်ဆိုသော် လကျာ်လှိုင်း ဟိုဘက်ကွင်းအစမှသည် ဒီဘက်ကွင်းအစတွင်ရှိ‌ေနသော မင်းစိုင်းသာဘက်လှည့်ကာ

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now