အပိုင္း-1

754 87 9
                                    

" အဖေ၊ ကျွန်တော် အပြင်သွားတော့မယ်နော်။ "

စူးယွီကျုံး တစ်ယောက်တံခါးပေါက်နားမှာ ဖိနပ်ထိုင်စီးပြီးတာနဲ့ သူ့အနောက်ရှိတဲ့လူဘက်ကို လှည့်ပြီးနှုတ်ဆက်လိုက်တယ်။

ပိန်ပိန်သွယ်သွယ်ပုံပန်းသွင်ပြင်နဲ့ယောက်ျားတစ်ယောက်။ ခန့်ညားလှတဲ့ရုပ်သွင် မှာ နူးညံ့ခြင်းတွေလည်း ပျော်ဝင်လို့နေတယ်။ ဒီနှစ်ထဲမှာအသက်၄၀ပြည့်မယ့် ထိုလူသားဟာ အသက်၃၀ကဲ့သို့ အရွယ်တင်လှပေတယ်။
ထိုသူကပင် မျက်မှောင်ကျုံ့လျက် စိုးရိမ်မကင်းစွာနဲ့ သားဖြစ်သူကို ကြည့်ကာ

" တကယ်ပဲ အဖေအတူတူလိုက်ခဲ့ပေးဖို့ မလိုဘူးလား ။ "

စူးယွီကျုံး တစ်ခုခုပြောတော့မယ့်အချိန်မှာ ----- ကျက်သရေရှိလှတဲ့အမျိုးသမီးတစ်ယောက်ရဲ့  စကားသံကိုကြားလိုက်ရတယ်။

" သူအခုဆို ဆယ့်ရှစ်နှစ်ရှိနေပြီ။ ဒီလိုကိစ္စမျိုးကို သူကိုယ်တိုင်သွားလုပ်သင့်တယ်။ အမြဲ သူရှေ့ကနေ ကြက်အမေကြီးလို ကာဆီးကာဆီးလုပ်မနေစမ်းပါနဲ့ ။"
အသံလာရာ ဧည့်ခန်းဝကနေ ကျက်သရေတင့်လှတဲ့ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ သူမကတော့ သူဝင်စားခဲ့တဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့  မိခင် ဖြစ်သူစူးလန်ပင်။

အဖေစူးကတော့ မျက်မှောင်ကျုံ့လျက် " ကိုယ်က ကိုယ်တို့ရှောင်ကျုံးလေး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့လေ။ ပထမဆုံးအကြိမ် Rut ဝင်တာ ပေါ့ပေါ့သေးသေးကိစ္စ မဟုတ်ဘူးလေ ။ "

" လတစ်ဝက်လောက်ကျန်သေးတယ်မဟုတ်လား? နောက်ပြီးတော့ Alphaတစ်ယောက်က ဘာဖြစ်နိုင်မှာမလို့လဲ? " စူးလန်တစ်ယောက် စိတ်မရှည်စွာနဲ့ပင် " ရှင်မဟုတ်တာကို လိုက်ပြီးပူမနေနဲ့ ။ ကိုယ့်ကိုယ်ကိုယ်သာ အရင်ဂရုစိုက်စမ်းပါ။  "

" ဆေးကို စားပွဲပေါ်မှာတင်ပေးထားတယ်။ မြန်မြန်အရင်ဝင်ပြီး သွားသောက်ချည် ။ "

လင်းကျူး တစ်ယောက်အရှေ့ရက်တုန်းက အအေးမိထားကာ ခုထိပင်မသက်သာသေးပေ။ အဲ့အတွက်ကြောင့် စူးလန် သူ့ကို အိမ်မှာ ပြုစုပေးဖို့အတွက် တကူးတကပင် ခွင့်တင်လိုက်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now