အပိုင်း၅-၅

173 30 2
                                    

အပိုင်း၅-၅

သူအိပ်ပျော်နေတာတောင်မှ နှာခေါင်းထဲမှာ သစ်အယ်သီးနံ့သင်းသင်းလေးကိုအမြဲရလို့နေတယ်။ အခန်းအပြင်ဘက်က ဘဲလ်သံကြောင့်နိုးလာတဲ့အချိန်မှာ အပြင်ဘက်မှာကောင်းကင်ကြီးတောင် မှောင်နေတာကိုတွေ့လိုက်ရတယ်။

သူထလိုက်ပြီး ပျင်းကြောအရင်ဆန့်လိုက်တယ်။ အိပ်တာကြာလို့နည်းနည်းညောင်းညာနေတာကလွဲရင် ခါးတွေဘာတွေက အရမ်းတော့မနာတော့ပေ။ အချို့နေရာကနည်းနည်းလေးနေရတာတစ်မျိုးဖြစ်နေတာကလွဲလို့ပေါ့။

" Ding Tong — — "

တံခါးက လူခေါ်ဘဲလ်သံကထပ်မြည်လို့လာတယ်။

စူးယွီကျုံးတံခါးကို အမြန်သွားပြီးဖွင့်လိုက်တယ်။

တံခါးဖွင့်လိုက်တော့ အပြင်ဘက်မှာရှိနေတဲ့ ဟိုတယ်ဝန်းထမ်းလေးကိုမြင်လိုက်ချင်းချင်းမှာပဲ စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ စိတ်ပျက်မှုတစ်ချို့က ဖြတ်သန်းလို့သွားတယ်။ ဒါပေမဲ့ ဘာလို့အဲ့လိုစိတ်ခံစားချက် ဖြစ်လာတာလဲဆိုတဲ့အချက်ကိုတော့ သူကိုယ်တိုင်လည်းအခုအချိန်မှာ နားမလည်နိုင်သေးပေ။

" မင်္ဂလာပါ။လူကြီးမင်း။ "

အစားအသောက်တွန်းလှည်းကို တွန်းလာတဲ့ဝန်ထမ်းလေးကြောင့် သူ့ရဲ့ လွှင့်သွားတဲ့စိတ်အစုံက ပြန်ပြီးအသိဝင်လာခဲ့တယ်။

စူးယွီကျုံးအသိပြန်ဝင်လာတော့ တွန်းလှည်းပေါ်က အစားအသောက်တွေကိုကြည့်ရင်း စူးပါးပါးပြောထားတဲ့ ဟိုတယ်က တစ်နေ့စာသုံးနပ်ပါအပြီးအစီးပါကြောင်းကို သူသွားသတိရလိုက်တယ်။ သူလည်းအများကြီးတွေးမနေတော့ဘဲ ခန္ဓာကိုယ့်ကိုဘေးကိုရှောင်ပေးလိုက်ပြီး ဝန်ထမ်းကိုအခန်းထဲကိုပေးဝင်လိုက်တယ်။

ဒါပေမဲ့ သူမထင်ထားတာက ဝန်ထမ်းကမထွက်သွားခင်လေးမှာပဲ သူ့ကိုအိတ်လေးတစ်အိတ်ကမ်းပေးလာတယ်။ နောက်ပြီးသူက " ဒါကစု့လူကြီးမင်းက လူကြီးမင်းကို မျက်နှာချင်းဆိုင်ပေးချင်တယ်ဆိုတဲ့ဟာလေးပါ။ "ဆိုပြီးတော့ပြောလေတယ်။


( ဒါလေးကို အပိုင်း၆နဲ့ရောပြီး  စာလုံးရေ၄၀၀၀လောက်ကျန်သေးတယ်ဆိုပြီး ၅-၅ ဆိုပြီးခွဲချတာ အခုကြည့်တော့မှ နည်းနည်းလေးဖြစ်နေလို့ အရင်အချိန်ဖဲ့ပြီး ပြန်ပေးလိုက်ပါတယ်နော်။ ကိုယ်စာပြန်မစစ်ထားရသေးပါဘူး ။ နောက်တစ်ပိုင်းကိုတော့ ၂၆/၂၇ ရက်နေ့ဝန်းကျင်လောက်မှ ကိုယ်တင်ပေးတော့မယ်နော်။ )

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Tahanan ng mga kuwento. Tumuklas ngayon