အပိုင်း၃-၂

189 30 5
                                    

ဘေးနားကအယ်လ်ဖာအချို့ အလျှိုလျှိုနဲ့ထွက်သွားပြီးနောက် ယွဲ့ယီစိမ်းဦးဆောင်ပြီး အနည်းငယ် လူရှင်းပြီး မြင်သာထင်သာရှိတဲ့နေရာကိုသွားလိုက်တယ်။

သွားနေတုန်းမှာလဲ သူက မြင်သာလှတဲ့ အပြုံးတစ်ခုကိုချိတ်စွဲထားရင်းနဲ့ တီးတိုးသံတစ်ခုနဲ့ စကားစလိုက်တယ်။

"အစ်ကိုစု့၊ ငါ့ပါတီကိုရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်၊ တကယ်လို့ မင်းနေလို့ထိုင်လို့ အဆင်မပြေဘူးဆိုရင် အရင်ပြန်နှင့်လို့ရတယ်နော်။ "

ယဲ့မိသားစုနဲ့ စု့မိသားစုက စီးပွားမိတ်ဖတ်လို့ပြောလို့ရသည်။

ယဲ့ယီစိမ်းနှင့်စု့ချန်းတို့က အတူကြီးပြင်လာတယ်လို့ပြောလို့ရတယ်။နောက်ပြီး စုချန်းရဲ့ အကျင့်နဲ့ စရိုက်ကိုအတော်လေးနားလည်တယ်လို့ ယူဆလို့ရတဲ့အပြင် သူရဲ့လက်ချိုးရေလို့ရတဲ့အပေါင်းအသင်းထဲက တစ်ယောက်အပါအဝင်အဖြစ် ထည့်တွက်လို့ရလေတယ်။

အပိုင်း၃/၃

စုချန်းတစ်ယောက်မျက်မှောင်ကြုတ်ထားပြီး "တောင်းပန်ပါတယ်" လို့ ထုတ်မပြောခင်အထိ တစ်ခဏလောက် နှုတ်ဆိတ်နေခဲ့တယ်။

" ဟေး၊ မင်းတောင်းပန်ဖို့မလိုပါဘူးကွာ။ မင်းရောက်လာနိုင်တာကို ငါကအရမ်းပျော်လှပြီရယ်! "

စု့အဖွဲ့အစည်းရဲ့ ဥက္ကဌက ဘယ်လောက်တောင်လျှို့ဝှက်ဆန်းကြယ်လွန်းတယ်ဆိုတာ ဘယ်သူမသိလို့လဲ။နောက်ပြီး ဒီလိုပါတီတွေမှာတစ်ခါမှမျက်နှာထွက်ပြခဲ့ချင်းမရှိပေ။ ထိုလူသားတစ်ခဏလောက်ပဲရောက်လာခဲ့ရင်တောင်မှ ဒါဟာမျက်နှာသာပေးတယ်လို့ ကောင်းကောင်းသတ်မှတ်လို့ရနေပြီဖြစ်သည်။ မဟုတ်ရင်လည်း အဲ့ဒီအယ်လ်ဖာအုပ်စုက ပွဲစကတည်းကနေ တစ်လျှောက်လုံးထိုလူသားဘေးကနေမခွာပဲ ဇွတ်တွယ်ကပ်နေမှာမဟုတ်ပေ။

ယဲ့ယီစိမ်းကနေပဲဆက်ပြီးတော့ " မင်းဒီလိုပွဲတွေမကြိုက်ဘူးဆိုတာ ငါသိပါတယ်။ နောက်ပြီးငါ့အဖေနဲ့အမေပြောတာတွေကိုလည်းစိတ်ထဲမထည့်ထားနဲ့။ သူတို့ကလည်း ဒီအတိုင်းမင်းကို ကောင်းစေချင်လို့ရယ်။ "

စု့ချန်းခေါင်းညိတ်လိုက်ရင်း " အင်း။ငါနားလည်ပါတယ်။ "

အိမ်ထောင်ပြုဖို့အတင်းတိုက်တွန်းနေတာကလွှဲရင် ယဲ့အိမ်ကလူကြီးတွေက ဘာကိုမှအတင်းအကြပ်မလုပ်ပေ။ ဒီအတိုင်းပါးစပ်ပြောသာ ပြောနေကြခြင်းသာ။ အချို့လူတွေလိုမျိုးမဟုတ်။အယ်လ်ဖာတစ်ယောက်ရဲ့ အရသာကိုသိအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့အယ်လ်ဖာတိုက်ရိုက်ရှာပြီး သူ့ကိုအမှတ်အသားပြု ခံရအောင်လုပ်ခဲ့ကြဖူးတယ်။ (ဒီနားမှာကိုယ်ရေးတာရှင်းရဲလားတော့မသိဘူး၊အနီးစပ်ဆုံးဆိုရင် Tomboyကိုအတင်းယောကျ်ားပေးစားသလိုပုံစံအနေအထားပဲရယ်။ )

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now