အပိုင်း၇-၁+၇-၂

176 33 4
                                    

အပိုင်း၇-၁

Sဟိုတယ်အဝင်ပေါက်ဝ။

ဟိုတယ်ရဲ့ဆုံလည်တံခါးကနေပြီး လူတွေအဆက်မပြတ် ဝင်လိုက်ထွက်လိုက်နဲ့ သူတို့နှစ်ရဲ့နံဘေးကနေပြီးဖြတ်လို့သွားလေတယ်။ တစ်ချို့တစ်လေရဲ့ စပ်စုသလိုအကြည့်တွေက စု့ချန့်နဲ့ စူးယွီကျုံးကိုယ်ပေါ်ကို မကြာမကြာရောက်ရောက်လို့လာတယ်။

အဆုံးသတ်မှာတော့၊ သူတို့နှစ်ယောက်လုံးရဲ့ပုံစံက အတော်လေးကိုကွဲပြားပြီး ထူးခြားလို့နေတယ်။

ပြီးတော့ သူတို့က အခြားသူတွေရဲ့ အကဲဖြတ်သလိုစပ်စုတတ်ကြတဲ့ အာရုံစိုက်မှုနဲ့ ပတ်သတ်ပြီး ကျင့်သားရနေတဲ့အတိုင်းပင်။

စု့ချန့်ရဲ့ အမေးနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ စူးယွီကျုံး လက်သီးကိုခပ်တင်းတင်း ဆုပ်လိုက်မိတယ်။

သူအကြည့်တွေကိုရှောင်လိုက်ပြီး အမေးကို အမေးနဲ့ပြန်ထပ်လိုက်တယ်။ " ခင်ဗျား၊ ကျွန်တော်ဘယ်အခန်းမှာ တည်းတယ်ဆိုတာကို ဘာလို့သိနေတာလဲ။ "

စု့ချန့် ပခုံးတွန့်လိုက်ပြီး ။

" ဒါမှမဟုတ် မင်း ဟိုတယ်ကိုစည်းကမ်းဖောက်ဖျက်မှုနဲ့တိုင်လို့ရတယ်။ "

သူ မသမာတဲ့ တရားနည်းလမ်းမကျတဲ့နည်းလမ်းနဲ့ သတင်းယူခဲ့တာကြောင်းကို မဝန်ခံခဲ့ပေ။ပြောပြီးပြီးချင်း သူက အရှေ့မှာရှိနေတဲ့ သူ့ကိုအကဲခပ်လို့နေတယ်။ နောက်ပြီး လေသံခပ်တိုးတိုးနဲ့ မေးလိုက်တယ်။

" ဆေး၊ မင်းအသုံးပြုထားပြီးလား? "

ခပ်တိုးတိုးသာသာစကားတစ်ခွန်းက စူးယွီကျုံးရဲ့နားရွက်တွေကိုတစ်ဖန်ထပ်ပူလာစေပြန်တယ်။ သူမျက်လုံးများကိုတစ်ချက်မော့ပြီးတော့ စု့ချန့်နဲ့အကြည့်ဆုံးလိုက်တယ်။ မျက်ဝန်းထဲမှာတော့ သူရှက်နေပါကြောင်းကိုအပြည့်အဝကို ဖော်ညွှန်းလို့ထားလေတယ်။

စု့ချန့်တစ်ခဏတော့တန့်သွားသေးတယ်။

လူငယ်လေးရဲ့ ဆံပင်တိုတွေအောက်မှာ ဖုံးကွယ်လို့နေတဲ့ နားရွက်နီရဲရဲလေးကိုကြည့်ရင်းနဲ့ တဖြေးဖြေးနဲ့ ပျံလွင့်လို့လာတဲ့ အုန်းသီးရနံ့ကိုရလိုက်တော့ သူထောင့်စွန်းတွေကော့တက်စဖြစ်နေတဲ့ နှုတ်ခမ်းကိုအသာလေးဖိကိုက်လိုက်ပြီး အနိမ့်သံလေးနဲ့ သတိပေးလိုက်တယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now