အပိုင်း၅-၁+၅-၂

210 32 1
                                    

အခန်း ၅-၁

S Hotel အပေါ်ဆုံးထပ်Presidential Suiteအခန်း။

အချိန်အားဖြင့်မနက်မိုးသောက်ချိန် ၊ ခပ်တင်းတင်းဆွဲပိတ်ထားတဲ့ ခန်းစီးလိုက်ကာတွေက တောက်ပလှတဲ့ နေ့အလင်းရောင်ကိုအခန်းအပြင်ဘက်ပြတင်းပေါက်မှာတင် ကာဆီးလို့ထားလေတယ်။ ဒေါင့် နားမှာလင်းနေတဲ့ ညအိပ်မီးအိမ်လေးရဲ့အလင်းရောင်ကလွဲရင် တစ်ခန်းလုံးက အမှောင်ထုထဲမှာကျရောက်လို့နေတယ်။

ကုတင်ပေါ်မှာ ခပ်လုံးလုံးဖြစ်နေတဲ့ စောင်အထွေးလိုက်ကို မှုန်ဝါးဝါးအလင်းရောင်ထဲကနေမြင်နေရတယ်။ ကြည့်ရတာ တစ်စုံတစ်ယောက်အိပ်စက်နေပုံပင်။

" အူး ..... "

စူးယွီကျုံးမေ့မြောနေရာကနေနိုးလာတော့ ပထမဆုံးခံစားရတာက ခါးကိုက်ပြီး နောက်ကျောတစ်ခုလုံးနာကျင်နေတာပင်။ ခန္ဓာကိုယ်တစ်ခုလုံးလဲ ဟိုနေရာတဆစ်ဆစ်၊ ဒီနေရာတဆစ်ဆစ်နဲ့ ကိုက်ခဲလို့နေတယ်။

သူ့မျက်နှာတစ်ခုလုံးရှုံမဲ့နေပြီး ထထိုင်ဖို့တောင်အတော်လေးရုန်ကန်လို့နေရတယ်။

သူဘာမှကောင်းကောင်းမတွေးနိုင်သေးခင်မှာပဲ၊ သစ်အယ်သီးလှော်နံ့ဖျော့ဖျော့လေးရောလို့နေတဲ့ ဆေးလိပ်အနံ့က သူနှာခေါင်းဝဆီကိုတိုးဝင်လို့လာတယ်။

စူးယွီကျုံးခေါင်းကိုဘေးဘက်ကိုလှည့်စောင်းကြည့်လိုက်တယ်။

ပြတင်းပေါက်အနား အခန်းရဲ့ဒေါင့်အစွန်းနေရာမှာ မီးရောင်ခပ်မှိန်မှိန်လေးကိုတွေ့လိုက်ရတယ်။

ဆိုဖာပေါ်မှာ၊ တံတောင်းဆစ်တစ်ဖက်ကို ဒူးပေါ်တင်ထားတဲ့ အနက်ရောင်ဆံပင်နဲ့အမျိုးသားကိုတွေ့လိုက်ရတယ်။ လက်ချောင်းတွေကြားထဲမှာတော့ မီးညှိထားတဲ့ ဆေးလိပ်တစ်လိပ်ကိုညှပ်လို့ထားတယ်။

သူရှေ့မှာရှိနေတဲ့ ကော်ဖီစားပွဲပေါ်က ဆေးလိပ်ခွက်ထဲမှာတော့ သောက်ထားတဲ့ ဆေးလိပ်အတိုအစများ၊ဆေးလိပ်ပြာများနဲ့ပြည့်လို့နေတယ်။ ဖြစ်နိုင်တာတော့ အကုန်လုံးကိုသူတစ်ယောက်တည်းသောက်ထားတဲ့ပုံပင်။

ဒီအခိုက်မှာပဲ၊ သူ့ရဲ့အကြည့်တွေကိုသတိထားမိတယ်ထင် ထိုအမျိုးသားက သူ့ကိုစောင်းငဲ့လို့ကြည့်လာလေတယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now