အပိုင်း၆-၃
အချိန်ဘယ်လောက်ထပ်ကြာသွားမှန်မသိလိုက်ပေ။ တဖြေးဖြေးနဲ့ သူ့အသက်ရှူသံငြိမ့်ငြိမ့်ညောင်းညောင်းဖြစ်လာပြီး တစ်ဖန်ထပ်အိပ်ပျော်သွားပြန်တယ်။
နောက်တစ်ရက်နိုးလာတဲ့အခါ၊ စူးယွီကျုံးရုတ်တရက်သတိထားမိလိုက်တယ်။ ကြည့်ရတာသူ့တစ်ကိုယ်လုံးပြန်ကောင်းသွားပြီထင်တယ်။ဒါပေမဲ့ ပိုပြီးစိတ်ချရအောင်လို့ သူဆေးကိုနောက်တစ်ကြိမ်ထပ်လိမ်းလိုက်သေးတယ်။
သူစားသောက်ခန်းကိုမသွားခြင်တာကြောင့် သူတိုက်ရိုက်ပဲဖုန်းဆက်ပြီး ဝန်ထမ်းကိုမနက်စာလာပို့ခိုင်းလိုက်တယ်။
ဝန်ထမ်းကတော့မနေ့ညက ဝန်ထမ်းမဟုတ်တော့ဘဲ လူပြောင်းသွားပြီဖြစ်တယ်။
တစ်ဖက်လူ အစားအသောက်တွန်းလှည်းပြန်တွန်းထွက်သွားကို ကြည့်ရင်းနဲ့ စူးယွီကျုံးတစ်ယောက် ဆိုဖာပေါ်မှာခဏလောက်ငြိမ်ငြိမ်လေးထိုင်နေမိတယ်။ နောက်ဆုံးမှမနေနိုင်တော့ဘဲ နေရာကနေထလိုက်တယ်။
ခရီးဆောင်အိတ်ကို ဟိုလှန်ဒီရှာလုပ်ပြီးမှ ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကိုထုတ်ယူလိုက်တယ်။ အလွယ်တကူပဲ ကိုယ်ပေါ်မှာ ဝတ်လိုက်ပြီး ရေချိုးခန်းထဲထပ်ဝင်လိုက်ပြီး ဆံပင်ကိုနည်းနည်းသေချာလေးထပ်ပြင်လိုက်တယ်။
သူအပြင်ထွက်ဖို့ပြင်တုန်းရှိသေးတယ်။ ဖုန်းမှာ messageဝင်ကြောင်းသတိပေးသံမြည်လာခဲ့တယ်။
ယဲ့ရီလန့် :[ အာယွီ။အမှတ်စာရင်းတွေ မနက်ဖြန်ဆိုထွက်တော့မယ်။ မင်းဘယ်ကျောင်းကိုလျှောက်မယ်တွေးထားလဲ? မြို့ကကျောင်းပဲလား? မင်းရဲ့အမှတ်နဲ့ဆိုသေချာပေါက်ဘယ်ကျောင်းလျှောက်ချင်၊လျှောက်ချင် လျှောက်လို့ရမှာသေချာတယ်။ ]
စူးယွီကျုံးတစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကအခန်းကဒ်ကိုကောက်ယူလိုက်ပြီး၊ အခန်းအပြင်ဘက်ကိုထွက်လာခဲ့တယ်။
ပြောရရင် Rutဝင်တာစောသွားတယ်ဆိုပေမယ့်လဲ လက်ရှိတော့သူနေလို့ထိုင်လို့အဆင်ပြေနေတယ်။ ခေါင်းကလဲကြည်ကြည်လင်လင်၊ ရှင်းရှင်းလင်းလင်းပဲ။ ဖယ်ရိုမုန်းတွေကလည်း ဒီအတိုင်းကြီးယိုစိမ့်ထွက်နေတာမျိုးလဲမရှိသေးပေ။ သူခဏလေးလောက်အပြင်ထွက်ရုံနဲ့ ဘာမှတော့မဖြစ်နိုင်လောက်ပေ။
YOU ARE READING
小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )
Romanceဒါလေးက ပုံမှန် ABO Fic တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ OA Ficပါ။ စာရေးသူ Zuì ài méizi jiǔ { 最爱梅子酒 } ဖန်တီးမှုလက်ရာတွေကတစ်ခုဖြစ်ပြီး အပိုင်း104ပိုင်းရှိပါတယ်။ တစ်ပုဒ်လုံးကို စကားတစ်လုံးနဲ့ပုံဖော်ရရင် ချိုတယ်ဆိုတာပါပဲ။