အပိုင်း၄-၁+၄-၂

198 29 1
                                    


အခန်း ၄.၁

စူးယွီကျုံးဓါလှေကားအပြင်ကိုနောက်ပြန်လှည့်ကြည့်လိုက်တယ်။ တစ်ခါမြေပြင်ပေါ်မှာလျောကျနေတဲ့ အမျိုးသားကိုပြန်ကြည့်လိုက်တယ်။ ပြီးတော့မှ: " ခင်ဗျားထပြီး ကိုယ်တိုင်လမ်းလျှောက်နိုင်လောက်လား? "

ထိန်းချုပ်ဆေးရဲ့ သက်ရောက်မှုအောက်မှာ စု့ချန်းရဲ့ အသက်ရှူသံဟာတဖြေးဖြေးနဲ့ ပြန်တည်ငြိမ်စပြုလို့နေပြီဖြစ်တယ်။သူဘာစကားမှမဆိုပဲ လက်တစ်ဖက်က ကြမ်းပြင်ကိုအားပြုထောက်ပြီး ကျန်တစ်ဖက်က နံရံကိုအားပြုထောက်လိုက်ပြီး ကိုယ်တိုင်ကိုပဲအားကိုးပြီးမတ်တပ်ထဖို့လုပ်လိုက်တယ်။

ဒါကိုမြင်တော့ စူးယွီကျုံးလဲသူ့ကိုမကူပေးတော့ဘဲ မတ်တပ်ထရပ်လိုက်ပြီး တံခါးထပ်မပိတ်သွားစေရန်အတွက် ဓါတ်လှေကားတံခါးအဖွင့်ခလုတ်ကိုပဲ နိုပ်ထားလိုက်တော့တယ်။

ဓာတ်လှေကားရဲ့လေးဘက်လေးတန်ကို ချောမွတ်နေတဲ့သတ္တုနံရံများနဲ့ ဝန်းရံလို့ထားတယ်။ စူးယွီကျုံးသူမျက်ဝန်းများကို ဖြေးညှင်းစွာနဲ့ ပင့်မော့ကြည့်လိုက်တော့ ရဲပတောင်းခတ်စွာနီမြန်းနေတဲ့ပါးပြင်နဲ့ နဖူးပေါ်ရှိဆံစများမှာချွေးများရွှဲလို့နေတဲ့ သူ့ကိုယ်သူကိုပြန်မြင်လိုက်ရတယ်။

thump thump-----

နှလုံးခုန်နှုန်းကလည်း မြန်လွန်းလို့နေတယ်။

ဒါက မှုမမှန်ဘူးဆိုတာအတော်လေးကို သိသာလို့နေတယ်။

သူ့နောက်လူမှာရှိနေတဲ့လူက အိုမီဂါတစ်ယောက်လည်းဖြစ်လို့နေတယ်။ နောက်ပြီးအခုဏတုန်းကမြင်လိုက်တဲ့ ဓါတ်လှေကားအပြင်ဘက်က ထိန်းချုပ်မှုကင်းမဲ့စွာနဲ့ ရူးသွပ်လို့နေတဲ့ အယ်လ်ဖာတွေကိုပြန်တွေးမိတဲ့အခါမှ စူးယွီကျုံးတစ်ယောက် လက်ရှိသူ့ရှေ့မှာ ဖြစ်ပျက်လို့နေတဲ့ ကိစ္စကိုသဘောပေါက်စပြုလာတယ်။

သူအလန့်တကြားနဲ့ အသက်အောင့်ထားလိုက်မိတယ်။

အစကတော့ သူ့ကိုယ်ကို ဗီဇတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ထိန်းချုပ်မခံရအောင် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးပြီး စိတ်ငြိမ်အောင် ထိန်းချုပ်ထားချင်ပေမယ့် သူမတက်နိုင်ပဲပိုများပြီးသိပ်သည်းလို့နေတဲ့ သစ်အယ်သီးရနံကိုပဲရှူသွင်းလိုက်မိတယ်။

小甜A誰不喜歡?( မြန်မာဘာသာပြန် )( Unicode )Where stories live. Discover now