ဂျောင်ကုတစ်ယောက် ရန်ဖြစ်လို့ရထားတဲ့ဒဏ်ရာတွေဟာ
မနက်မိုးလင်းတဲ့အခါမှာပိုနာလာတာကြောင့်
ထယ်ယောင်းတောင်အိပ်ယာမနိုးသေးဘူးသူကအရင်နိုးလာပြီ~"hyung...hyung~"
"အင်း~~အစောကြီးနိုးနေတာလား~"
"ဟုတ်တယ် ပါးမှာနာနေလို့ လက်တွေရောဘဲ
ဗိုက်မှာရော~""ဟင်..ဟုတ်လား~"
အလန့်တကြားနဲ့ထယ်ယောင်းထကြည့်တော့
ဂျောင်ကုရဲ့ထိခိုက်မိထားတဲ့ပါးကမနေ့ကနဲ့မတူစွာ
အရမ်းကိုရောင်ကိုင်းနေပြီ~"ပါးကမနေ့ကထက်ပိုရောင်နေတာဘဲ~"
"အရမ်းနာတယ် လက်ထိပ်တွေလဲကိုက်နေတယ်~"
"အဲ့တာဆိုခနလေးနော်Family doctorခေါ်လိုက်ဦးမယ်~"
ထယ်ယောင်းကfamily doctorကိုဖုန်းဆက်ခေါ်ပြီး
ဂျောင်ကုကိုမျက်နှာသစ်ခိုင်းတော့ဂျောင်ကုရဲ့
လက်ကအဆင်မပြေဖြစ်နေတာကြောင့်သူကိုယ်တိုင်ဘဲ
သစ်ပေးလိုက်ရတယ်။"နာတယ်ပါဆို~~အကြမ်းကြီးဖိနေတာ~"
"အတတ်နိုင်ဆုံးဖွဖွလေးလုပ်ပေးနေတာဘဲကို~"
"ဘာမှမဟုတ်ဘူး နာအောင်ဖိပေးနေတာ
ommaနဲ့တိုင်ပြောမှာ~""တိုင်ပြောလေ ငါလဲမင်းရန်ဖြစ်တဲ့အကြောင်းတိုင်ပြောလိုက်မှာပေါ့~"
"ဟင့်...အီးးးဟီးးး...သူများကိုအနိုင်ကျင့်တာ..အီးးဟီးး~"
"ငိုမနေနဲ့ ဘယ်မှာအနိုင်ကျင့်နေလို့လဲ~"
မျက်နှာသစ်တာရောမျက်နှာသုတ်တာပါ
ထယ်ယောင်းကိုယ်တိုင်နူးနူးညံ့ညံ့လေးလုပ်ပေးဘေမဲ့
ဂျောင်ကုပါးကအရမ်းတင်းပြီးရောင်နေတာမို့
ထိတာနဲ့ကိုနာနေတာလေ~"ဟင့်...ဟင့်~~"
"မငိုနဲ့တော့လို့ ခနနေdoctorလာပြီးဆေးလိမ်းပေးလိမ့်မယ်~"
"အခုမလာသေးဘူးလား..ဟင့်~"
"လာနေပြီလေ ခနနေရောက်လာတော့မှာ
မငိုနဲ့တော့ မနက်စာအရင်သွားစားရအောင်~"ထယ်ယောင်းကဂျောင်ကုကိုပွေ့ပြီးအောက်ထပ်ခေါ်ဆင်းသွားပေးတော့တကယ်ကိုတစ်ကိုယ်လုံးနီးနီးနာနေတဲ့ဂျောင်ကုက
ထယ်ယောင်းပုခုံးပေါ်ခေါင်းတင်ပြီးဘာမှမလုပ်နိုင်ငြိမ်လို့~
YOU ARE READING
First time{Complete}
Romanceအားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဦး🥺 အားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဉီး🥺