💜19💜

4.1K 369 126
                                    

ထယ်ယောင်းသူ့ကလေးလေးကိုအိမ်ပြန်ခေါ်လာပြီးနောက်
စိတ်ထဲမရှင်းနေလို့ဂျောင်ကုပြန်ပေးဆွဲခံရတဲ့နေရာက
ဖျက်ခံထားရတဲ့Cctvမှတ်တမ်းရဲ့နောက်မိနစ်တွေကိုကြည့်နေရာထူးဆန်းတာကတွေ့ပြီ~

"ဒီကားကဘာလဲ အိမ်စီးကားနဲ့မတူဘူး
ထွက်လာတဲ့လူကလဲသာမာန်မဟုတ်ဘူး~"

နောက်မိနစ်မှာမြင်ရတဲ့ကားနဲ့ကားထဲကထွက်ခဲ့တဲ့လူက
ဟိုငါးယောက်ထဲကမဟုတ်တာမို့
ဂျောင်ကုရဲ့driverကိုအမြန်ခေါ်ရတယ်။

"ကြည့်ကြည့် အဲ့ကားကပြန်ပေးဆွဲတဲ့ကားလား~"

"မဟုတ်ဘူးသခင်လေး ပြန်ပေးဆွဲသွားတဲ့ကားနဲ့ဆင်တူဘေမဲ့အဲ့ကားမဟုတ်ဘူး ပြီးတော့အဲ့အချိန်က
ပြန်ပေးဆွဲခံရပြီးပြီလေ~"

"ဒါဆိုဟိုလူငါးယောက်ကအသားပေါင်းလေးကိုပြန်ပေးဆွဲသွားတာဆို ဒီကားကဘာလဲ ထွက်လာတဲ့လူကလဲ
တစ်ခုခုကိုအသည်းအသန်ရှာနေတာ~"

"သခင်လေးဂျောင်ကုကိုပြန်ရပြီကို
ဘာလို့အဲ့တာကိုကြည့်နေသေးတာလဲသခင်လေး~"

"မဟုတ်ဘူး ဟိုငါးယောက်ထက် ဒီတစ်ယောက်က
ပြန်ပေးဆွဲသမားနဲ့ပိုတူနေလို့~အသားပေါင်းလေး
အန္တာရယ်မကင်းသေးဘူး~"

ထယ်ယောင်းတစ်ယောက်ဂျောင်ကုကိုပြန်ပေးဆွဲသွားတဲ့
လူငါးယောက်အကြောင်းကိုအသေးစိတ်စုံစမ်းရာ
အဲ့လူငါးယောက်ကအရင်ကငါးဖမ်းသမားတွေဖြစ်ပြီး
ရုတ်တရက်အထက်တန်းကလေးတစ်ယောက်ကိုပြန်ပေးဆွဲခဲ့တယ်။

"ပြီးတော့ ကလေးကိုဘာမှမလုပ်ဘဲ
ပိုက်ဆံရတာနဲ့ချက်ချင်းပြန်လွတ်ပေးခဲ့တယ်
ဒုတိယမြှောက်ကအသားပေါင်းလေး ထူးဆန်းတယ်~"

*ငါသိကျွမ်းနေတဲ့ပြန်ပေးသမားတွေလို
သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့အမူအရာမရှိဘူး~*

ဟာကွက်ကရှိနေဘေမဲ့ဘယ်ဟာကဟာနေမှန်းမသိတာမို့
ထယ်ယောင်းတစ်ယောက်ဂျောင်ကုအန္တာရယ်မကင်းသေးမှန်းသိပြီးစိတ်မအေးနိုင်~

"hyung ဒီမှာဘာလုပ်နေတာလဲ~"

"ဘာမှမလုပ်ပါဘူး တစ်ယောက်တည်းဆော့ရတာပျင်းနေပြီလား~"

First time{Complete}Where stories live. Discover now