စက်ရုံမီးလောင်တဲ့အမှုနဲ့ဆက်စပ်ပြီးတော့
ဂျောင်ကုကိုပြန်ပေးဆွဲဖို့လုပ်တဲ့လူတွေကိုပါဖမ်းလိုက်နိုင်တာမို့ဂျောင်ကုအတွက်ထယ်ယောင်းနည်းနည်းစိတ်အေးရတယ်။"မြန်မြန်ဝတ်တော့hyung~"
"မလောပါနဲ့ကလေးရယ် သွားရမှာပါ~"
ကျောင်းပိတ်ရက်မို့အိမ်ပြန်ချင်နေတဲ့ဂျောင်ကုက
အခုမှရေချိုးတက်ခဲ့တဲ့ထယ်ယောင်းအနားမှာတဂျီဂျီ~"နောက်ကျနေတော့မှာ hyungကအရမ်းကြာတာဘဲ~"
"မနောက်ကျပါဘူး ပြီးပြီ လာ သွားမယ်~"
"ဟုတ်~"
ဘယ်လောက်ဘဲစိတ်ချမ်းသာအောင်ပျော်အောင်ထားထား
မိဘအိမ်မှာနေတာနဲ့တော့မတူတာမို့
ဂျောင်ကုကအိမ်ပြန်လမ်းတစ်လျှောက်အရမ်းကို
ပျော်နေတော့တာ~"အရမ်းပျော်နေတာလားအသားပေါင်းလေး~"
"ပျော်တာပေါ့ အိမ်မပြန်ရတာကြာပြီလေ~"
"အင်းပါ~"
ယုန်သွားလေးတွေပေါ်အောင်ပြုံးရယ်နေတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းလဲစိတ်အေးချမ်းကာ
အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ဂျောင်ကုအိမ်ကိုရောက်သွားပြီ~"အချိန်အကြာကြီးနေမှလာတွေ့ရလို့တောင်းပန်ပါတယ်~"
"မလိုပါဘူးရပါတယ် မင်းလဲအလုပ်အားတာပါ့မဟုတ်တာ~"
"ဂျောင်ကု ဘယ်လိုကြီးထိုင်နေတာလဲ~"
"ဘယ်လိုထိုင်နေလို့လဲ ဒီလိုဘဲလေOmmaကလဲ~"
အားလုံးအိမ်ရှေ့ခန်းမှာအတူထိုင်ကြချိန်
ဂျောင်ကုကသူ့ခြေထောက်တစ်ဘက်ကို
ထယ်ယောင်းပေါင်ပေါ်တင်ထားတာမို့အမြင်မတော်လို့
အမေဖြစ်သူကပြောလဲကရုမစိုက်~"ကိုယ့်ထက်အသက်အများကြီးကြီးတဲ့သူကို
ရိုရိုသေသေပြုမူဆက်ဆံလေ အဲ့လိုမလုပ်ရဘူး~""အသက်ကြီးလဲ ကိုယ့်ယောကျာ်းဘဲဟာကို နော့ယောကျာ်း~"
"ဟာ...ဒီကလေး~"
ထယ်ယောင်းပေါင်ပေါ်ကိုခြေထောက်တင်ရုံမက
တက်ပါထိုင်ရင်းထယ်ယောင်းလည်တိုင်ကိုလဲဖက်ထားသေးတဲ့ဂျောင်ကုက တစ်ခါကလင်ကိုစိတ်တိုပြီးသူတို့ဆီပြန်လာခဲ့တဲ့ဂျောင်ကုနဲ့ကွာပါ့~
YOU ARE READING
First time{Complete}
Romanceအားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဦး🥺 အားတင်းပြီး ပထမဆုံးပြန်ရေးတဲ့Ficလေးပါ အရင်လိုအားပေးကြပါဉီး🥺