03

17.7K 424 15
                                    

03

" သခင်ကြီး နည်းနည်း မမြန်ဘူးလား "

အိမ်တော်ထိန်းရဲ့ စကားကြောင့် Wang မျက်မှောင်ကုတ်သွားတယ်။

" ခင်များက အိမ်ကို စောင့်ရှောက်ပေးရမဲ့ အိမ်တော်ထိန်း! ကျုပ်ကိစ္စတွေ ဝင်ပါစရာမလိုဘူး နားလည်လား! "

ပျက်ကွက်သွားတဲ့ အိမ်တော်ထိန်းမျက်နှာက သိပ်ကြည့်လို့ကောင်းတယ်။ အဖရဲ့ လူဖြစ်တာနဲ့ Wang ကို ချုပ်ကိုင်ဖို့ကြိုးစားချင်နေတာ။

လောကမှာကိုယ်မပိုင်ရင် မလုပ်သင့်တာတွေချည်းပဲ။ ဒါပေမဲ့ ဒီယုန်ဖြူလေးက သူပိုင်တယ်လေ။ လုပ်ချင်လုပ် ဖာခ့်ချင်ဖာခ့် ဒါသူ့ကိစ္စ အိမ်တော်ထိန်းနဲ့ နည်းနည်းမှဆိုင်မနေဘူး။

" လုံခြုံရေး နောက်ထပ် နှစ်ဆ မြှင့်လိုက် အပေါ်ထပ်ကို လုံးဝ ဘယ်သူမှတက်မလာစေနဲ့!  "

" ဟုတ်ကဲ့ သခင်ကြီး!!!! "

ပုဇွန်ကွေးကွေး ထွေးပိုက်ခံထားရတဲ့ ယုန်ဖြူလေးဟာ Wang အတွက် နွေးထွေးရာ။

" Jon! "

Wang ရဲ့ ခပ်မာမာခေါ်သံနောက်မှာ တစ်ကိုယ်လုံးအပြည့် တက်တူးတွေရှိတဲ့ ခန္ဓာကိုယ်ထွားထွား ဂတုံးပြောင်ပြောင် မျက်မှန်မဲမဲတပ်ထားတဲ့ အာရှကျားကြီး ထွက်လာတယ်။

( အာရှကျား mean = လက်သပ်မွေးသော လူမိုက်ခေါင်းဆောင် )

" ရှိပါတယ်သခင်ကြီး! "

" လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်အတွင်း ရှောင်ကျန့် ဆိုတဲ့နာမည်နဲ့ သက်ဆိုင်သမျှအကုန်ရှာလာခဲ့! "

ဒီစကားက ကြားရင်သာ ရိုးရိုးလေး။ တကယ်တမ်းတင်ပြရရင် ဘယ်နေ့မှာ ဘာဝတ်တယ် ဘယ်သွားတယ်။ ဘယ်အချိန်မှာ အစာစားပြီး ဘယ်အချိန် အီးပါတယ်။ ဘယ်နေ့တွေမှာဖျားပြီး ပတ်ဝန်းကျင်ကဘယ်လိုအနေအထားရှိတယ် မွေးတဲ့တိရိစ္ဆာန်နဲ့ ပေါင်းတဲ့လူမှန်သမျှ တင်ပြရတယ်။ ဒါက ရှားရှားပါးပါး သခင်ကြီး စုံစမ်းခိုင်းတဲ့ အခြေအနေဆိုတာကို Jon နားလည်တယ်။ တိကျမှကြိုက်တဲ့သခင်ကြီးက ထွေးပွေ့ထားတဲ့ လက်တွေထဲက သခင်မလေးအကြောင်းစုံစမ်းခိုင်းရင် ပိုလို့တောင် တစ်စ,မကျန်ဆွဲထုတ်ရအုံးမယ်။

Dark Side ( Completed ) Where stories live. Discover now