04

15.2K 284 9
                                    

04

ဒီနေ့နဲ့ဆို ရှောင်ကျန့် ကိုကို့အိမ်ကိုရောက်တာ သုံးရက်ရှိပြီ။ ကိုကိုကလေ သိပ်ကို ဂရုစိုက်တာလေ။ ဒီဖီးလ်ကို ဘဲရှိတဲ့သူတွေပဲသိတာ ဗက်ဟက်ဟက်။

( သုံးရက်တဲ့ဟဲ့ အမလေး ငါသွေးတက် )

" ကိုကို ကိုကို ကိုကို "

" ကဲ... ပြောဗျာ "

ပုဇွန်စုပ်စား အဲ ပုဇွန်သုပ်စားချင်တယ်ပြောလို့ ကိုယ်တိုင် မီးဖိုချောင်ဝင်ပြီးလုပ်နေတာကို အနားမှာ ပကျိပကျိနဲ့ သွားနှစ်ချောင်းနဲ့ သာလိကာလေးကြောင့် အလုပ်က ထင်သလောက်မတွင်။

ရေမိုးချိုးထားပြီး ဆံပင်ရှည်လေးတွေကို ဖြန့်ချထားတာမို့ နဂို ဘေဘီနဲ့ဆိုရင် သမာဓိမခိုင်တဲ့သူက ခြေထောက်တောင်ခွေချင်ချင်။

" ဟီး ကိုကိုက ခုထိ ကျန့်ကို မထိသေးဘူးနော် "

" ဟမ် "

ပင့်တက်သွားတဲ့ မျက်ခုံးတွေက ဘယ်လိုမှပြန်ချလို့မရ။ ဒီကလေး စကား ဘယ်လမ်းရောက်နေလည်း သူ့ဟာသူရောသိပါရဲ့လား။

" ကိုကို~ "

အီ...မကြားချင်ယောင်တောင်နေလို့လည်းမရပြန်။ မမြင်ချင်ယောင်ဆောင်ရင် ပိုတောင်ဆိုးပြီး ညှပ်ရိုးပေါ်တဲ့အထိ အင်္ကျီကို ဆွဲချတယ်။ ဟင်း ဟင်း ငါနော်။

" ခဏနေပါကွ ကိုယ်ဒီမှာ ဘေဘီစားဖို့ လုပ်ပေးနေတယ်လေ "

" အဲ့တာ~~ မစားချင်တော့ဘူး~~~ ကိုကို့ကိုပဲ စားတော့မယ်လေ~~ "

" အဲ့တာမင်းစကားနော် ဘေဘီ "

Wang က တစ်ခြမ်းစောင်းအပြုံးကြီးနဲ့ပြုံးတယ်။ ယုန်ဖြူလေးက အန္တရယ်ကို မသိသလို ဘေစင်မှာ တင်ထိုင်တယ်။ Wang ပုခုံးတွေကို သိုင်းဖက်ပြီး ခြေတံသွယ်လေးတွေက Wang ခါးတွေမှာချိတ်တွယ်ထားတယ်။ နည်းနည်းသာ ရှေ့တိုးလိုက်ရင် သူတို့နှုတ်ခမ်းတွေ ထိကပ်လောက်မဲ့အထိ နီးစပ်နေကြပြီ။

' I got my peaches out in Gerogia
( Oh, yeah, shit )
I got my weed from California
( That's that shit )
I took my chick up to the North, yeah
( Badass bitch )
I get my light right from the source, yeah
( Yeah, that's it ) '

Shit!! ဘယ်ကဖုန်းသံလည်းကွာ။ ဒီမှာဆာနေပါတယ်ဆို သောက်သီချင်းကလည်း 16+

Dark Side ( Completed ) Where stories live. Discover now