07" ရောက်ပါပြီ သခင်မလေး "
" ဟုတ်ပါပြီ ပြောင်ဂတုံးကြီးရေ ဟင့် "
ပြင်သစ်ဆန်ဆန် ကော်ဖီဆိုင်လေးက သိပ်ကို အမြင်တင့်တယ်။ တရုတ်မှာ ပြင်သစ်ဆန်ဆန် ကော်ဖီဆိုင်ဖွင့်ဖို့ ဆိုင်ရှင်က တော်တော်ဂေါက်နေတဲ့ပုံပါပဲ။ ဒါပေမဲ့လဲ အပြင်အဆင်လေးလှလို့ ထိုင်လိုက်ပါ့မယ်လေ။
ဆိုင်ထဲရောက်တာနဲ့ ကိုကို့ကိုအရင်ရှာတယ်။
* ကိုကို ဝှဲ အား ယူ *
" ကိုကို့ "
တွေ့ပါပြီ။ အထာကျကျထိုင်ပြီး အလုပ်ဆွေးနွေးပုံရတဲ့ ဘဲကြီးက ဆိုင်ထဲက လူတွေရဲ့အကြည့်ကို အကုန်သိမ်းထားတာလားမသိဘူး။ ဟွန်း...ငါ့မြင်ရဲမြင်ကြည့် အဲ မမြင်ရဲမမြင်ကြည့် ထက်ခွပြစ်အုံးမယ် ဟမ့်။
ကိုကိုက သူ့ကိုမြင်ပါတယ်။ မြင်လို့လဲ ငါ့လှမ်းပြုံးပြနေတာ မမြင်ဘူးလားဟ။
အိုက်ယား...ဒီဘဲ လူကို ကြွေအောင်လို့ ကျစ်။
ဂမူးရှူးထိုးပြေးသွားပြီး အလုပ်လုပ်နေတဲ့ လူပေါ် ပြေးတက်ပြစ်တာဟာ သူ့ရင်ခွင်ထဲရောက်ဖို့ တစ်စက္ကန့်တောင် စောင့်မနေချင်တော့လို့ပါ။
" လိုက်လာတာပေါ့ ဘေဘီ ကိုယ်လွမ်းနေတာ ရွတ် "
တက်ခွလာတဲ့ ခန္ဓာကိုယ်ကြောင့် ဆူလဲမဆူသလို ဒေါသလဲမထွက်တဲ့ Wang က ချစ်သူလေးကို အများကြီးအလိုလိုက်တာ။ အများကြီးချစ်တာ။
" ကိုကို့ကိုလွမ်းလို့ အင့် "
ရှေ့မှာရှိတဲ့ လူကိုလည်းဂရုမစိုက်နိုင်တော့ဘူး။ ကိုကိုက အများကြီးချစ်ဖို့ကောင်းနေတာ။ အများကြီး အလိုလိုက်နေတာ။
" ဟုတ်ပြီ ဒါပြီးရင် ကိုကိုနဲ့ လျှောက်လည်မလား နာရီဝက်လောက် ကိုယ့်ကိုစောင့်အုံးမလား "
ခေါင်းကို တဆက်ဆက်ငြိမ့်ပြတော့ ကိုကိုကရယ်တယ်။ ဒီကောင်ကဘယ်သူမလို့လဲ။ အများကြီးအလိုလိုက်နေတဲ့ကိုကို့ကို ဒီလောက်တော့စောင့်နိုင်ပါတယ်။
" Mr.Wang က အိမ်သားလေးကို တော်တော်ချစ်သလား? ကျွန်တော်တော့ အားကျသဗျာ "