ကောင်းမွန်သော နှုတ်ဆက်ခြင်းပါ ကာနိုလာတို့ရေ

3.5K 56 6
                                    

ပထမဆုံးပြောချင်တဲ့စကားကတော့
အငယ် အချိန်တစ်ခုအထိ စာရေးတာကို နားရမယ်ထင်ပါတယ်။
ဒီရက်အတွင်း update မပေးရတာဟာ အိမ်ရဲ့ကိစ္စတွေကြောင့်ပါ။
အငယ်က ကလေးမတစ်ယောက်ပါ။
ကာနိုလာတို့ကြိုက်လောက်မဲ့ ဇာတ်လမ်းတွေကို ပုံဖော်ပေးဖို့ အရည်အချင်းမပြည့်မှီသေးပါဘူး။
ဒါ့အပြင် ဒီနှစ်ကုန်မှာ စာသင်သားအဖြစ်ဝင်ဖို့ စာကျလာပြီမို့ အငယ်အချိန်တစ်ခုအထိ စာရေးတာကိုနားရမှာဖြစ်ပါတယ်။
ကာနိုလာတို့ကိုအားနာတာမို့ အငယ်ကအများကြီး ငိုခဲ့ရပါတယ်။
မကြာသေးခင်က ရှစ်နှစ်ပြည့်သွားတဲ့ မောင်ငယ်လေးရဲ့ နှစ်ပတ်လည်ကြောင့်ရော စာသင်သားကိစ္စအတွက်ပါ အငယ်က အရမ်းကိုအားပြတ်ပြီး ဖုန်းကြည့်ဖို့တောင်အနိုင်နိုင်ဆိုတာ ကာနိုလာတစ်ချို့လဲသိကြပါတယ်။
ဒါကြောင့်မို့ အငယ်က စာရေးတာကို အချိန်တစ်ခုအထိနားရပါလိမ့်မယ်ရှင်။
ဒီကာလတွေမှာ စာမရေးဖြစ်ပေမဲ့ ဒီရပ်ဝန်းထဲမှာ အငယ်က တည်ရှိနေအုံးမှာဖြစ်ပြီး ပွဲတွေမှာလဲ ရှိနေမှာပါရှင်။
ဒါကြောင့်မို့ အငယ့်ကို လွမ်းရင်ဖြစ်ဖြစ် သတိရရင်ဖြစ်ဖြစ် FB အကောင့်ကိုသာလာခဲ့ပါရှင်။
FB မှာတော့ အငယ်ရှိပါမယ်။

နောက်ဆုံးပြောချင်တာက ကာနိုလာတို့ကို အငယ်ကအများကြီးကျေးဇူးတင်ပါတယ်။ မကောင်းမကန်း ညံ့သက်နေတဲ့ စာအရေးအသားတွေကို ချပြရလို့ အငယ်တောင်းပန်ပါတယ်။

ဒါကြောင့်မို့ မပြီးတဲ့ Fic သုံးပုဒ်ကို အငယ် unpublished ခဲ့ပါတယ်ရှင်။
ဒါဟာ မပြီးဆုံးတဲ့ဇာတ်လမ်းကို ကာနိုလာတို့ကိုဆက်ပေးမဖတ်ချင်တော့တာကြောင့်မို့ပါ။

နှုတ်ဆက်ပါတယ်ရှင်✨
အချိန်တစ်ခုကြာတဲ့အခါ အငယ်ပြန်လာခဲ့မှာပါ

လေးစားစွာဖြင့် / နွယ်ဦးသက်နှင်းငယ်




နှုတ်ဆက်ပါတယ်ရှင်✨


Dark Side ( Completed ) Where stories live. Discover now