အချပ်ပို
" ယောက်ျားရေ ဒီကိုလာပါအုံး "
ကျွန်တော်တို့လက်ထပ်ထားတာ ခုနှစ်နှစ်မြောက်။ မတော်တဆတွေ့ခဲ့တဲ့ ဘေဘီလေးက ကျွန်တော့်ရဲ့ နှလုံးသားလေးဖြစ်လာတာ ကြည်နူးစရာ။ မနက်ခင်းကို ဘေဘိလေးမျက်နှာနဲ့ နိုးထရတာ ကြည်နူးစရာ။
( ကျွန်မကတော့ ရည်းစားတောင်မထားဘူးတော့ မသိဘူး ဟင့်)
" လာပြီ ဘေဘီရေ "
" မြန်မြန်လာ ကိုကို "
" ကဲ ပြောပါဗျာ "
" ဟိုမှာမြင်လား မာလကာသီး "
" မာကလာသီးမဟုတ်ဘူးလား ဘေဘီ "
" ခင်များ စွရစ်မရှည်နဲ့! သွား ခူးပေး စားချင်တယ် "
" ဗိုက်နာလိမ့်မယ် ဘေဘီလေးရဲ့ "
" ခင်များသားကစားချင်နေတာ သွားခူး မခူးရင် ဒီည နို့မတိုက်ဘူး "
အဓိကသော့ချက်ကြီးအား ချုပ်ကိုင်လိုက်ပြီမို့ ကိုကိုဟာ ရှိသမျှသွား အကုန်ဖြဲကာ တဟဲဟဲနဲ့ မာလကာသီးခူးပါတော့တယ်။
လက်ထပ်ပြီး တစ်နှစ်မြောက်မှာ အကောင်အထည်ဖော်လာလိုက်တာ အခုဆို နှစ်ယောက်မြောက် သားကိုလွယ်ထားရတယ်။
" ပါပါးရေ "
" စောအော် ပါပါးဒီမှာ "
ဝမ်စောအော်က မာလကာပင်အောက်ကသူ့ပါပါးကိုမြင်တာနဲ့ အပြေးသွားတယ်။
" ပါပါးရယ် မပေါ့မပါးကြီးနဲ့ဂို "
" ဟော်ဗျာ အဲ့စကားဘယ်သူသင်ပေးလိုက်တာတုန်းကွ "
" ဒယ်ဒီယေ ညညဆို မျက်မှောင်ကြီးကုပ်ကုပ်ပြီး မင်းပါပါးက မပေါ့မပါးကြီးနဲ့ မကပ်နဲ့ ဆိုပြီးပြောတာ "
မျက်မှောင်ကုပ်ပြီး သူ့အဖေပုံစံအတိုင်းပြောလာတဲ့ သားကြီးလေးကိုကြည့်ပြီး ရှောင်ကျန့်မှာရယ်လိုက်ရတာ။ ငါးနှစ်အရွယ်သားသားက ကိုကို့ပုံစံတူလေး။ ကိုကို့ကိုယ်ပွားလေး။ ကိုကိုနဲ့ ကျွန်တော့်ရဲ့ ပထမဆုံးသွေးသားလေး။
" ဟေ့ကောင် ငါဒီမှာရှိတယ်နော် "
" ရှိရှိပေါ့ သားက ပါပါးပဲမေးတာ "